Mind Reader

5.1K 408 6
                                    

15-Mind Reader

🔮"NewN ရဲ့ ရှယ်ယာဈေးနုန်းတွေဟာ ဒီတစ်ပတ်ထဲမှာတင် ထပ်ကျသွားပြန်ပါပြီ။ အခုလိုကျသွားရတဲ့ အကြောင်းရင်းကတော့ အရှေ့ကမ်းခြေရဲ့ အိမ်ယာစီမံကိန်းဟာ အပြီးသတ်ဖျက်သိမ်းခံလိုက်ရသောကြောင့်ဖြစ်ပါတယ်။"

သူ နေ့လည်ခင်းသီတင်း ကိုနားထောင်ရင်း NewN အကြောင်းကို စဉ်းစားနေမိသည်။ မတော်လောဘနှင့် စီးပွားရှာထားသောငွေများသည် မတော်လောဘ ကြောင့်သာ ဆုံးရှုံးရပေတော့မည်။ ကမ်းခြေစီမံကိန်းကို ပုံအောထည့်ထားသော ငွေများက ကုမ္ပဏီ ဆုံးရှုံးမှုဆီသို့အဆင်းကို ဘီးတပ်ပေးလိုက်တော့သည်။

စီမံကိန်း အပြီးသပ်ဖျက်သိမ်းခံလိုက်ရစေတဲ့ အဓိက အကြောင်းရင်းက ထယ် တို့အဖွဲ့ရဲ့ report က နိုင်ငံတော်အဆင့် ဆွေးနွေးမှုအထိ ရောက်သွားခဲ့ခြင်းကြောင့် ။

ထယ့် ကိုသတိရလို့ ဖုန်းခေါ်တော့ သတ်မှတ်ချိန်အတွင်း ပြန်လည်ဖြေကြားခြင်း မရှိ တဲ့။ Library ထဲရောက်နေပြန်ပြီထင်တယ်။ ဒီကလေးလေး ချစ်သူဖြစ်ပြီးမှ အချိုးတွေပြောင်းလာသလိုပဲ။ အရင်ကဆို သူဖုန်းခေါ်လို့ miss call ဖြစ်သွားရင် ချက်ချင်းပြန်ခေါ်ပြီး ဖြေရှင်းချက်တွေပေးရတာ အမော။ အခုတော့လား သူစာသင်နေတုန်း ဖုန်းခေါ်မိရင် စိတ်ကကောက်ချင်သေး။ဒီအတောအတွင်း အရမ်းအလိုလိုက်မိလို့ဖြစ်မယ်။

ထယ် ကသူ့ကိုခေါ်တဲ့နာမည် ကိုသဝန်ကြောင်ကြီး တဲ့။ချစ်တာကိုး သဝန်တိုမှာပဲလေ။ဟုတ်တယ် သူကတော့ ထယ့်ကို အရမ်းလည်းချစ်သလို အရမ်းလဲသဝန်တိုတတ်တယ်။ ထယ့်အနား ဘယ်သူမှနီးနီးကပ်ကပ် နေတာမကြိုက်။ နုညံ့တဲ့ ထယ့် အထိအတွေ့တွေ ရယ် ထယ့် ကိုယ်သင်းနံ့လေးရယ် အနားရောက်တဲ့လူတိုင်းကို ရူးသွတ်စွဲလမ်းစေတာ ထယ်ကတော့ သူ့ကိုယ်သူဘယ်သိမလဲ။

သူကသာထယ့်ကို အရိပ်တကြည့်ကြည့် နဲ့ ချစ်နေသဝန်တိုနေပေမဲ့ ထယ် ကတော့အခုချိန်ထိ သူ့ကိုသဝန်လည်းမတို စိတ်မချလည်းမဖြစ်။အမှန်ဆို သူ့ဝန်ထမ်းထဲမှာ မိန်းကလေးချောချောတွေအများကြီး။ သူ့အနားပွတ်သီကပ်သီလုပ်နေတဲ့ အတန်းထဲက မိန်းကလေးတွေကိုလည်း ထယ့် မျက်မြင်ပါပဲ။ ဒါပေမဲ့ ထယ့်ကို သူ သဘောထားကြီးသူ ဆိုပြီးဂုဏ်ယူပေးရမလား ဂရုမစိုက်တတ်သူဆိုပီး ကျေကွဲရမလား။

ℙ𝕠𝕤𝕤𝕖𝕤𝕤𝕚𝕧𝕖[Z&U]ᶜᵒᵐᵖˡᵉᵗᵉᵈWhere stories live. Discover now