Possession

6.5K 506 1
                                    

6-Possession

💝ကိုယ့်ကိုကိုယ် ဂရုစိုက်နော်ထယ် ။ ဆေးတွေက ဘေးအိပ်ထဲမှာ ။ညဝတ်အင်္ကျီက အိပ်အသေးထဲမှာ "

"ညမိုးချုပ်ရင်အပြင်မထွက်နဲ့နော် ၊ အိပ်ချိန်လည်းနောက်မကျနဲ့၊ အစားစားရင်လည်းသတိထား ထယ် ကအစပ်မစားနိုင်ဘူး ဆိုတော့ ၊ အချိုတွေပဲအရမ်းမစားနဲ့နော် အသီးရွက်နဲ့အသားလည်းမျှတအောင်စား၊ ရေချိုးရင်ရေနွေးစပ်ဖို့မပျင်းနဲ့နော် ထယ်ကအအေးမိလွယ်တယ် ဆိုတော့"

"အိပ်ခါနီးအိမ်တံခါးသေချာပိတ်နော် တစ်ခုခုဆိုလည်း ကို့ကိုဖုန်းဆက်နော် နေရတာအဆင်မပြေလည်း အိမ်ပြန်လာ...."

"ဂျွန်"

မပြီးနိုင်မဆီးနိုင် မှာတမ်းခြွေနေသောသူ ထယ့်စိတ်မရှည်တဲ့အသံလေးကိုကြားမှပဲ ရပ်လိုက်မိသည် ။ တစ်ကယ်တမ်းတော့သူ့ကိုယ်သူဘယ်နှစ်ခေါက်ပြန်ပြောနေမိမှန်းမသိ စိတ်ပူနေတာတစ်ခုပဲသူသိသည်။

"ငါတစ်ယောက်ထဲနေမှာက တစ်နှစ်လည်းမဟုတ်ဘူး တစ်လလည်းမဟုတ်ဘူး တစ်ပတ်ထဲ တစ်ပတ် တစ်ပတ် "one week "

"တစ်ပတ်ဆိုတာလည်း ခုနစ်ရက်လေ ထယ်ရဲ့ "

တစ်ရက်လောက်ခွဲဖို့တောင် မစဉ်းစားဖူးတာ ၊ အခုတော့တစ်ပတ်တောင်မှ၊ စဉ်းစားဖို့အချိန်တစ်ခုပေးဆိုလို့ခွင့်ပြုလိုက်တာကို တစ်လတဲ့ ၊ ဖြစ်သင့်လား ၊သူ့မှာတော့ တစ်နာရီလောက်အဆက်သွယ်ပြတ်ရင်တောင် မိုးပြိုမတတ်ကို။နောက်ဆုံးတော့ တစ်ပတ်ဆိုတာကို ထယ်လက်ခံခဲ့သည်။ဒါကလည်း တစ်ပတ်ကိုလက်ခံရင်လက်ခံ မဟုတ်ရင်ဘယ်မှမသွားရဘူး ဆိုလို့။

တစ်ဖြည်းဖြည်းဝေးသွားတဲ့ထယ့် ကားလေးကို မျက်စိတစ်ဆုံးသူလိုက်ကြည့်နေမိသည်။ အိမ်ကကားကို လိုက်ပို့ခိုင်းတော့ သူဟာသူပဲသွားချင်တယ်တဲ့လေ။ တစ်ကယ်ပါပဲ လမ်းလျှောက်တတ်ခါစ ကလေးလေးတွေသူတို့ကိုသွားထိန်းကိုင်ပေးရင် မကြိုက်သလိုပဲ။တစ်ကယ်လဲကောင်းကောင်းမလျှောက်တတ်သေးပဲ။

"အစ်ကိုလေး ဂင်မ် CheongDam villa ရောက်နေတယ် ။ အပြင်ကပဲရပ်ကြည့်နေတယ်။"

"Ok ရိပ်မိသွားမယ် ကားနဲ့ဆက်မလိုက်နဲ့တော့ ။သူတစ်နေရာဆက်သွားရင် Texi. နံပါတ် မှတ်လိုက်။ပြီးရင် ဘယ်မှာဆင်းသွားလဲစုံစမ်း ။ ငါသေချာပြောတယ်နော် သူလုံးဝမရိပ်မိစေနဲ့ ရှင်းလား"

ℙ𝕠𝕤𝕤𝕖𝕤𝕤𝕚𝕧𝕖[Z&U]ᶜᵒᵐᵖˡᵉᵗᵉᵈDonde viven las historias. Descúbrelo ahora