My Love

5.1K 442 16
                                    

11-My Love

❤️️လက်ထဲက တစ်ရက်စာလုပ်အားခငွေလေး ကိုအကြိမ်ကြိမ်ရေတွက်ရင်း ပျော်နေတဲ့ ထယ့်မျက်နှာ။ မလှမ်းမကန်းက ရိုက်ထားသော video File ဆိုတော့ သိပ်ပြီးပြတ်သားမှုမရှိပေမဲ့ ထယ့်မျက်နှာနုနုက အပြုံးတွေနှင့် ကြည်လက်နေသည်။

"အိမ်ပြန်လာရင်လည်း ဆက်ပြီးပြုံးနိုင်အောင် ထားမှာပါ ကလေးရယ်"

သူ ထယ့်ကို ရင်နာနာနဲ့ တစ်ယောက်ထဲပေးနေလိုက်ရတာ ။ထယ် အခုလိုပျော်နိုင်တော့လည်း သူရင်ကွဲခံရကျိုးနပ်တာပေါ့။

Ring........Ring........Ring

"CEO ဂျွန် မမျှော်လင့်ထားတဲ့အခြေနေပါ ။Oh JangMi နဲ့အကိုလေး ဂင်မ် ပန်းဆိုင်မှာတွေ့နေတယ် ။ ဘာတွေပြောနေတာလဲတော့ နဲနဲဝေးနေတော့ မကြားရဘူး။"

"ဘယ်ပန်းဆိုင်လဲ"

"Aroma of Beauty "ကျွန်တော် GPS နဲ့မြေပုံ ပို့လိုက်မယ်"

ပုံမှန်တွေ့ရုံနဲ့တော့ သူ့ကိုဖုန်းမခေါ်။ အရေးကြီးအနေအထား လို့သူသတ်မှတ်ထားသည့် အခြေအနေတွေမှာ သူ့ကိုဖုန်းခေါ်ဖို့သူ့လက်ထောက်ကို ညွှန်ကြားထားပြီးသား။ တစ်စုံတစ်ယောက်ရဲ့ စကားနှင့်ဖြစ်စေ အပြုအမူနှင့်ဖြစ်စေ ထယ့် ကိုထိခိုက်လာပါက သူ့ဆီချက်ချင်း အကြောင်းကြားဖို့။

Ring......Ring.......Ring

"CEO အခု အကိုလေး က ပန်းဆိုင်ကထွက်သွားပြီ။ Oh JangMi ကတော်တော် ဒေါသထွက်ပြီးကျန်ခဲ့တာ။ အစ်ကိုလေးနောက်ကို ကျွန်တော်ဆက်လိုက်သွားတယ်။ ကျွန်တော်ထင်တယ်။သူအခု သူ့အဖွားဆေးရုံကိုသွားနေတာ"

သူဖုန်းချပြီး ကားကိုလမ်းဘေးချရပ်လိုက်သည်။ လိုက်သွားသင့်လားဆေးရုံကို။ ထုံးစံအတိုင်း ဆေးရုံကြီးကို ငေးရင်း အတွေးတွေများနေမည့် ထယ်။ အဲ့ဒီအချိန်တွေတိုင်းမှာ ထယ့် အနားသူရှိနေတာများတယ်။

"Ok ဆေးရုံကိုလာရင်း အမှတ်မထင်တွေ့တယ်ပေါ့ကွာ"

သူ့က်ိုယ်သူ စကားတွေစီရင်း ကားကိုပြန်အကွေ့။ Go Ha Yoon နဲ့ Oh JangMi ။သူအမြင်မှားတာမဟုတ် ။တွေ့ရှိရတဲ့အနေအထားအရ ပြေလည်တဲ့ဆက်ဆံရေးတော့မဟုတ် ။တစ်ခုခုကို အငြင်းအခုံဖြစ်နေသည့်ပုံ။ နောက်မှစုံစမ်းတော့မည်။ အခုအရေးကြီးတာက ထယ့် ဆီသွားဖို့။ထယ် လေးစိတ်အားငယ်နေရှာမယ်။

ℙ𝕠𝕤𝕤𝕖𝕤𝕤𝕚𝕧𝕖[Z&U]ᶜᵒᵐᵖˡᵉᵗᵉᵈWhere stories live. Discover now