Fiancé

4.8K 408 5
                                    

12-Fiancé

💍 "အင်း"

"ငါလည်း မင်းကိုအရမ်းချစ်တယ်"

နောက်ဆက်တွဲစကားကတော့ စိတ်ထဲကပဲပြောမိတာပါ။ ထယ် မင်းဘာလို့သတ္တိမရှိတာလဲ ပြောလိုက်ပါလား ပြန်ပြောလိုက်ပါလား။

အိပ်ယာပေါ်လှဲအိပ်ရင်း နေ့လည်ကအကြောင်းကို စိတ်ထဲကထုတ်မရ။လမ်းချိုးလေးထဲ ကွေ့ဝင်သွားတဲ့ ဂျွန်ရဲ့ နောက်ကျောကို ငေးရင်း ရင်ထဲမှာပဲ့တင်ထပ်နေခဲ့တဲ့စကား

"ငါလည်း မင်းကိုအရမ်းချစ်တယ်"

သူဘာကြောင့် ဂျွန့် ကိုဖွင့်မပြောမိတာလဲ။ ဂျွန် ကိုယ်တိုင်ကအတင်းမမေးသလို သူကလည်းမပြောမိ။ ပြောခွင့်မကြုံသေးတာ ဆိုရင်ပိုမှန်သည်။ ချစ်တယ် ဆိုတဲ့စကားကို လေးလေးနက်နက် အမှတ်တရပြောချင်သည်။

ဂျွန် ဆို သူ့ကိုချစ်တယ်ပြောပါများတော့ ဘယ်အကြိမ်က ပထမဆုံး ဆိုတာပင် မမှတ်မိ ။သေချာတာက တစ်ခန်းတနားနှင့် မှတ်မှတ်ရရ ပြောခဲ့တာတော့ မဟုတ်။သူရင်ထဲစွဲနေအောင် အမှတ်ရနေတာက ပထမဆုံး အနမ်းပေးတုန်းက ချစ်တယ် ပြောခဲ့တာ။ အခုချိန် ပြန်စဉ်းစားရင်တောင် ရင်ထဲနွေးနေတုန်း။

ဂျွန် ရဲ့အချစ်တွေကို ရင်ထဲအသည်းထဲက  ခံစားမိစေတဲ့ အနမ်းတွေလို့လည်းပြောလို့ရသည်။ သူဂျွန့် အပေါ်ခံစားချက်ရှိနေတယ်ဆိုတာ သူ့ကိုယ်သူနားလည်စေ လိုက်တဲ့အနမ်း ဆိုလည်းမမှားပေ။

ထိုအနမ်းတွေကြောင့်ပဲ ဂျွန့် ကိုဖွင့်ပြောဖို့ဆုံးဖြတ်လိုက်သည် ဆိုလျှင်ပိုမှန်သည်။ပထမဆုံး အကြင်နာပေးခဲ့ကြပြီး ရက်ပေါင်း 100 တိတိမှာ သူဖွင့်ဟဝန်ခံဖို့ ဆုံးဖြတ်ခဲ့သည်။ ဒါပေမဲ့ အဖွားဆေးရုံပေါ်ရောက်သွားသည့် ဖြစ်ရပ်ကတော့ မမျှော်လင့်သော ကံတရား။

"အခုအတူတောင် နေနေကြပြီဆိုတော့ နင့်အတွက် မျှော်လင့်ချက်မရှိတော့ဘူး အဲ့ဒီမိန်းကလေးမျက်နှာနဲ့ ပျော့ဖတ်ဖတ်ကောင်ကို ဘာကြည့်ကြိုက်တာလဲ။ ငါ့ဆီသာ လာစမ်းပါ။နောင်တ မရခင်"

"ထယ် Oppa က အဲ့လိုလူမဟုတ်ဘူး နေစရာလေးရယုံနဲ့ အလွယ်တကူ လူတစ်ယောက်ကို ချစ်တယ်ပြောမဲ့သူမဟုတ်ဘူး"

ℙ𝕠𝕤𝕤𝕖𝕤𝕤𝕚𝕧𝕖[Z&U]ᶜᵒᵐᵖˡᵉᵗᵉᵈWhere stories live. Discover now