Destiny

12.3K 807 17
                                    

5-Destiny

💕💞💓💗💖

Seoul University ရဲ့ Environmental Science College ။ ကျောင်းရှေ့မြက်ခင်းပြင်တွင် ကိုယ့်အဖွဲ့နှင့်ကိုယ် ထိုင်နေသောကျောင်းသားတွေကြား Calvin တစ်ယောက် ရှောင်ရင်းတိမ်းရင်း လက်ထဲက milkshake နှစ်ခွက်ကို မထိခိုက်အောင်ထိန်းကိုင်ရင်း သူတို့အဖွဲ့project အတွက်ဆွေးနွေးရာ အရိပ်ကျသစ်ပင်အောက်သို့ဝင်ထိုင်လိုက်သည်။

သူရောက်ရောက်ချင်း တွေ့လိုက်ရတာက လောကကြီးမှာသူ့အတွက် မတွေ့ချင်မမြင်ချင်ဆုံးသောလူသား ဂျွန် ။ ထယ် နောက်မှာထိုင်ရင်း ပုခုံးပေါ်မေးတင်ကာခါးကိုလည်းပိုင်စိုးပိုင်နင်းဖက်ထားသေးသည် ။ တစ်လောကလုံးမှာ သူတို့နှစ်ယောက်ပဲရှိနေတယ် ထင်လားမသိ ။

ထယ် က မျက်နှာရဲရဲနှင့် ဂျွန် လက်ကို မသိမသာဖြုတ်ချနေပေမဲ့ ဟိုသကောင့်သားကတော့ ဘာသက်ရောက်မှုမှ မရှိသလိုပုံနှင့် မျက်လုံးတွေကတော့ သူ့ဆီကိုမျှားတစ်စင်းလို ရောက်လာသည်။နုတ်ခမ်းတစ်ဖက်တွန့်ရုံ ပြုံးထားတဲ့အပြုံးတွေက စိန်ခေါ်မှုနဲ့ လှောင်ပြောင်မှုတွေ အချိုးကျရောစပ်ထားလျှက်

"ဂင်မ်ထယ် က ငါ့ပိုင်ဆိုင်မှု ဝေးဝေးနေ" ဆိုတဲ့ အသံတိတ် သတိပေးချက်။

"မင်္ဂလာ နေ့လည်ခင်းပါ Mr ဂျွန် ခင်ဗျားရဲ့ သိပ်တန်ဖိုးရှိတဲ့ အချိန်တွေကို ကျွန်တော်တို့မြက်ခင်းပြင် ဆွေးနွေးပွဲလေးအတွက် အချိန်ကုန်ခံတယ်ဆိုတော့ ကျွန်တော်တို့ဂုဏ်ယူသင့်တယ်ထင်တယ်"

"အဟက် မင်းရဲ့လိပ်တွေဘယ်ချိန်ဥမယ်တို့ရေပုတ်သင်တွေ အရောင်မပြောင်းတော့တာတွေနားထောင်ဖို့ငါလာတာမဟုတ်ဘူး အဲ့တာတွေကငါ့ကလေးလေး နေ့လည်စာ အချိန်မှန်စားဖို့လောက် အရေးမကြီးဘူး"

"ဂျွန်"

ထယ့် အသံတိမ်တိမ်လေးက အားနာမှုနှင့်စိုးရိမ်မှုလေးတွေ ရောယျှက်နေသည်။

"ဖုန်းကို silent လုပ်ထားမိတာ ။ Calvin နဲ့ဘာမှမဆိုင်ဘူး အခုလည်းနောက်မကျသေးပါဘူး အခုသွားကြမယ်လေ"

ပြောရင်းဆိုရင်း ဂျွန် လက်ကိုဆွဲပြီးထွက်သွားတဲ့ ထယ် ။ နောက်ကနေ အိပ်မက်ယောင်သလို စိတ်ညှို့ခံထားရတဲ့ပုံနဲ့လိုက်သွားတဲ့ ဂျွန် ။ Calvin သူ့မျက်စိသူပင်မယုံ ကိုယ့်ကိုယ်ကို ယုံကြည်မှုလွန်ကဲနေတဲ့ over self confidence တစ်မိုးအောက် ဂျွန် ကို အခုလိုပုံစံနှင့်မြင်ရတယ်ဆိုတာ

ℙ𝕠𝕤𝕤𝕖𝕤𝕤𝕚𝕧𝕖[Z&U]ᶜᵒᵐᵖˡᵉᵗᵉᵈWhere stories live. Discover now