Shadow

5.3K 529 16
                                    

7-Shadow

☂️လူမနေတာကြာနေတဲ့ အခန်းလေးထဲ သူလည့်ပတ်ကြည့်ရင်း

"ထူးဆန်းလိုက်တာ အိမ်ကဘာကြောင့် ရှင်းလင်းနေတာလဲ ဖုန်တောင်မတင်ပါလား"

ပါလာတဲ့အိတ်တွေကိုနေရာချလိုက်ပြီး ကြမ်းခင်းပြောင်ပြောင်လေးပေါ်လဲချလိုက်သည်။

"အင်္ကျီလဲပြီးမှအိပ်လေ ထယ်"

နားထဲကြားယောင်လာတဲ့အသံကြောင့် သူပြုံးလိုက်မိသည်။တော်ပြီ တစ်ယောက်ထဲနေတဲ့ချိန်တော့ နေချင်သလိုနေမယ်ကွာ။သိပ်မကြာလိုက် သူမနေတတ်။ လူးလဲထရင်း ညဝတ်အင်္ကျီ လဲဖို့လိုက်ရှာမိသည်။ Ah...ဂျွန်ပြောလိုက်တယ် အိတ်သေးထဲမှာ ။ပြီးရင်အားဆေးသောက်ရမယ်။

"ဟွန်း သူ့ကိုယ်သူငါ့ကိုဆရာလုပ်ဖို့မွေးလာတယ်များထင်လား"

နားထဲမှာ ဂျွန်ဆယ်ခေါက်ထက်မနည်း အကြိမ်ကြိမ်မှာလိုက်တဲ့ အမှာစကားတွေကိုပြန်ကြားယောင်လာသည်။ ဘာကြောင့်အဲ့လောက်စိတ်ပူနေတာလဲ နားမလည်နိုင်ပါဘူး။ ဂျွန် ပြောနေကျစကားတစ်ခွန်း

"ထယ် ကကိုယ့်အတွက်မွေးလာတာ"

ငါကမင်းထက်တစ်နှစ်ကျော်တောင်ကြီးတာလေဆိုတော့ ဒါဆို ကိုယ်ကထယ့်ကိုပိုင်ဆိုင်ဖို့လူဖြစ်လာတာ အဲ့လိုလည်းပြောလို့ရတာပဲတဲ့။

"တွေးလည်းတွေးတတ်တယ် သူလိုချင်တဲ့အဖြေရအောင် ဘယ်လိုကောင်မှန်းမသိဘူး"

သူခေါင်းရမ်းရင်းအသံထွက်အောင်ပင်ရယ်လိုက်မိသည်။

......................

ညသန်းခေါင်ယံကျော်နေပြီ အိပ်မပျော်သေး။ဂွမ်းကပ်ထူထူနှင့် တစ်ကိုယ်လုံးကျစ်နေအောင် ထုပ်ထားပြီးကြိုးစားအိပ်နေပေမဲ့ လစ်ဟာနေမှုကိုဘယ်လိုမှအစားထိုးမရ ။ အိပ်ပျော်သွားရင် အိပ်မက်ဆိုးတွေမက်လာမှာလည်း ကြောက်သည်။ အိပ်မက်ဆိုးမက်ပြီး နိုးလာလျှင်ပွေ့ဖက်နှစ်သိမ့်ပြီး အကြောက်ပြေစေမဲ့ နွေးထွေးတဲ့ရင်ခွင်တစ်ခု အနားမှာမရှိဘူးဆိုတဲ့အသိက အိပ်ပျော်ဖို့ကိုအနှောင့်အယှက်ပေးနေသည်။

အမြဲတမ်းဆို သူအိပ်မပျော်တိုင်း ဂျွန်က ကျောပွတ်ပေးရင်း စုပ်သပ်ချော့သိပ်နေကျ။"ထယ်အဆင်မပြေလည်း ပြန်ခဲ့နော်"ဆိုတဲ့စကားကို သူကြားခါစက ဘာလို့စောပြန်ရမှာလဲ7 ရက်လေးကို လို့စိတ်ထဲတွေးခဲ့ပေမဲ့ အခုတော့ 24နာရီမပြည့်သေး ပြန်ပြေးချင်စိတ်ပေါက်နေပြီ။

ℙ𝕠𝕤𝕤𝕖𝕤𝕤𝕚𝕧𝕖[Z&U]ᶜᵒᵐᵖˡᵉᵗᵉᵈWhere stories live. Discover now