Bunny

5.1K 443 4
                                    

9-Bunny

🐰 ပထမဆုံးလခ တစ်ရက်လုပ်ခပိုက်ဆံလေးကို အကြိမ်ကြိမ်ရေတွက်ရင်း မြေမထိအောင် တက်ကြွနေတဲ့ခြေလှမ်းတွေနဲ့သူ့ရဲ့အိမ်အပြန်လမ်းက သာယာလှပလှသည်။ ကိုယ်ပိုင်ဝင်ငွေ ကိုယ့်လုပ်အားနဲ့ကိုယ်ရတဲ့ငွေ။သူ အမြဲလိုချင်ခဲ့သည်။ကိုယ်ပိုင်အလုပ်လေးရှိဖို့ ကိုယ်ပိုင်ဝင်ငွေရှိဖို့သူကြိုးစားခဲ့ပေမဲ့ ဘယ်တုန်းကမှ မအောင်မြင်ခဲ့ ။ ဂျွန် သိသွားလို့တားမြစ်ခံရတာနဲ့သာ အဆုံးသတ်လေ့ရှိသည်။

အချိန်ပိုင်းအလုပ်လေးတွေမို့ခွင့် မပြုတာလား ဆိုတော့လည်း အမြဲတမ်းအလုပ်လည်းခွင့်မပြု။သိပ်မကြာခင်က ထူးချွန်ကျောင်းသားတွေအတွက် အထူးအခွင့်ရေး ကျောင်းပြီးတာနှင့် အလုပ်တန်းဝင်ခွင့်ရမည့်ထောက်ခံစာ နှင့် အလုပ်ခေါ်စာသူရခဲ့သည်။ ရာချီနေသော ကျောင်းသားများထဲမှ လက်တစ်ဆုပ်စာ လူနည်းစုလေး ထဲတွင်သူပါဝင်ခဲ့သည်။မယုံကြည်လောက်သော အပျော်တွေနဲ့အိမ်ပြန်မရောက်မချင်း သူစာရွက်လေးကို တကြည့်ကြည့်နှင့် ။

ထိုနေ့ကဂျွန် အစည်းဝေးရှိ၍အတန်းမတက်။သူအိမ်ရောက်အောင်ပင် မနည်းစောင့်နေရသည်။ပြောချင်လှပြီ ဂျွန် ရောသူ့အတွက်ဂုဏ်ယူပေးမလား။အထက်တန်းတုန်းက သူဆုတွေရတိုင်း ဂျွန့် ဆီကဂုဏ်ပြုမှုနဲ့လက်ဆောင်တွေရနေကျ ။လက်ဆောင်ထက် ဂျွန့်အတွက် ဂုဏ်ယူစရာလူသားတစ်ယောက်ဖြစ်ရတာ သူကျေနပ်သည်။ပျော်ရွင်မှုတွေ ဂုဏ်ယူမှုတွေအပြည့်နှင့် ထိုစာရွက်လေးကို ဂျွန် ဆီသူယူသွားခဲ့သည်။

အလုပ်လုပ်နေတဲ့ဂျွန်ရဲ့စားပွဲပေါ် သူ စာရွက်လေးကိုတင်ပေးလိုက်ရင်း ပြုံးပြုံးလေးစောင့်နေမိသည်။ဒီအချိန်လေးကိုတစ်ရက်လုံးစိတ်ကူးလာတာမဟုတ်လား။ဂျွန်ရဲ့အံ့သြဝမ်းသာသွားမဲ့မျက်နှာ ကိုသူစောင့်နေရင်း။ ဒါပေမဲ့ ဂျွန် ရဲ့တုန့်ပြန်မှုက သူမျှော်လင့်ထားသလိုမဟုတ်ခဲ့ပါ။

"ကို ခွင့်မပြုဘူး ထယ်"

စကားလေးတစ်ခွန်းကပဲ သူ့ပျော်ရွင်မှုတွေကို ရိုက်ချိုးလိုက်သည်။ "ခရီးတွေထွက်ရမယ် အန္တရာယ်များတယ် ကိုစိတ်မချဘူး"ဒါနဲ့ပဲ က်ိုယ်ပိုင် ရပ်တည်နိုင်ဖို့အခွင့်ရေးလေး လက်လွတ်လိုက်ရတော့မှာလား။ ဂျွန်ရဲ့ စိတ်ပိုင်းဖြတ်ထားပြီးသားအကြည့်များက သူအနုပညာတက္ကသိုလ် မတက်ဖို့ တားမြစ်စဉ်ကလို နက်ရှိုင်းစူးရှနေသည်။

ℙ𝕠𝕤𝕤𝕖𝕤𝕤𝕚𝕧𝕖[Z&U]ᶜᵒᵐᵖˡᵉᵗᵉᵈWhere stories live. Discover now