Crying Baby

5.8K 480 8
                                    

8-Crying Baby

👼🏻💧နွေးထွေးသောနေရောင်ရဲ့ ရောင်ပြန်နဲ့ ပတ်ဝန်းကျင်ကို ဇာပုဝါပါးလေးကဲ့သို့လွမ်းခြုံထားသော နှင်းပွင့်နှင်းစက်တို့မှာ စိန်ပွင့်လေးများအလား အရောင်တစ်လက်လက်။ ထိုလှပသော သဘာဝကြီးကို သတိမထားနိုင်လောက်အောင် အိမ်ပေါက်ဝမှာ ကြိုးစားပမ်းစား ဖိနပ်ကြိုးချည်နေတဲ့ ထယ်။

"တော်ပြီတော်ပြီ ကွင်းထိုးဖိနပ်ပဲစီးတော့မယ် ဒီဖိနပ်တွေ ရှုပ်ကိုရှုပ်တယ်"

အရင်ကတော့ရှူးဖိနပ်စီးတိုင်း ဂျွန် ပဲဖိနပ်ကြိုးချည်ပေးနေကျ။ သူဂျွန့် ကိုစိတ်ဆိုးနေစဉ်တစ်လျှောက်လုံးလည်း ကြိုးမချည်ရသော ဖိနပ်သာရွေးစီးခဲ့ရသည်။ ဒီနေ့တော့ မနေ့ကတွေ့သည့် အချိန်ပိုင်းအလုပ်ကို ဝင်လုပ်ကြည့်မယ် ဆိုတဲ့ရည်ရွယ်ချက်နှင့် သူသေသေသပ်သပ် ဝတ်စားပြီးထွက်လာခြင်းဖြစ်သည်။

ဘာအပြဲမှမပါတဲ့ ဂျင်းအရောင်ဖျော့ဖျော့တစ်ထည် ရယ် ဘာတံဆိတ်မှန်းမသိတဲ့ အင်္ကျိီတစ်ထည်ရယ် ။တံဆိပ်မသိရတဲ့အကြောင်းက အင်္ကျိီလည်ပင်းက တံဆိပ်တွေမှန်သမျှ ဂျွန် ကအကုန်ဖြုတ်ပြစ်သောကြောင့် ။ အကြောင်းပြချက်က အသားပွန်းမှာစိုးလို့တဲ့ ။သိပ်အကဲပိုလွန်းတယ် အဲ့ဒါတွေအမြင်ကပ်တာ ။သူလုပ်လိုက်မှပဲ ဒီကလူက နေထိလေထိမခံတဲ့ မွေးကင်းစကလေးလိုပဲ။

....................

မနေ့ကတစ်နေ့လုံး coffee ဆိုင်တွေ မှာလူလိုလား လိုက်မေးပေမဲ့ ဘယ်မှာမှနေရာအလွတ်မရှိ။ သူအားမလျှော့ ရပ်ကွက်ထဲကခေါက်ဆွဲဆိုင်တွေမှာ လိုက်မေးတော့ သူ့မေးခွန်းကိုပဲပျက်လုံးတစ်ခုလို။ ဘာကြောင့်လဲ သူနားမလည်။ ကြက်ကြော်ဆိုင်က အဒေါ်ကြီးကတော့

" အမေ့ကို မှားပါတယ်ပြောပြီးအိမ်ပြန်သွားပါသားရယ်။ မင်းပုံစံကပင်ပင်ပန်းပန်းလုပ်နိုင်မယ်မထင်ပါဘူး အဒေါ့်ဆိုင်မှာ တစ်လလုံးလုပ်မှ မင်းအင်္ကျိီတစ်ထည်စာလောက်ရမှာ စိတ်ကူးမလွဲနဲ့အိမ်ပြန် ။ ဆယ်ကျော်သက်တွေကတော့ ဒီလိုပါပဲ မိဘတွေလည်းနားလည်ပါတယ်"

စိတ်ညစ်ပါတယ် ဘာတွေလာပြောနေကြတာလဲ နေပါဦးဆယ်ကျော်သက်ဆိုပဲ "ကျွန်တော့အသက် နှစ်ဆယ့်သုံး "လို့သာလမ်းထိပ်မှာကုန်းအော်ချင်တော့သည်။စိတ်ပျက်လက်ပျက်နဲ့အိမ်ပြန်လာရင်း တွေ့လိုက်တာက လမ်းဘေးနံရံမှာကပ်ထားတဲ့ အချိန်ပိုင်းအလုပ်ကြော်ငြာတစ်စောင် သူ့မျက်လုံးတွေကို အရောင်လက်သွားစေသည်။ "First Kiss Cafe" ဆိုပါလား။

ℙ𝕠𝕤𝕤𝕖𝕤𝕤𝕚𝕧𝕖[Z&U]ᶜᵒᵐᵖˡᵉᵗᵉᵈWhere stories live. Discover now