"Appa အစာအဆိပ်သင့် ပြီးဆုံးတုန်းက မယုံနိုင်ခဲ့ဘူး။ အမြဲစားနေကြ ပင်လယ်ငါးက ဘာကြောင့် အစာအဆိပ်သင့်ရတာလဲဆိုပြီး။ ဆရာဝန်ဆေးစစ်ချက်က သောက်နေတဲ့ စိတ်ငြိမ်ဆေးနဲ့ မတည့်တာတဲ့။ Appa ဘာကြောင့်ဆေးသောက်နေခဲ့ရလဲ ဘာကြောင့် စိတ်ဖိစီးမှုသိပ်များနေခဲ့လဲဆိုတာ ကျွန်တော် ကိုယ်တိုင် Appa နေရာရောက်မှပဲသိတော့တယ်။"

ဂျွန် သိပ်ပင်ပန်းနေခဲ့တာပဲ။ သူကလည်းဘာမှ မကူညီနိုင်ခဲ့ပါလား။

"ဟုတ်တယ် ။အစ်ကိုလေးလည်း ဂရုစိုက်ပါ။ အစ်ကိုကြီး ရဲ့ အတွင်းပြိုင်ဘက် တွေက ကုမ္ပဏီထဲတင်ရှိတော့ အစ်ကိုကြီးတုန်းက တော်တော် စိတ်ဖိအားများခဲ့ရတာ Mr Oh နဲ့ပေါင်းသွားမှာလည်း ကြောက်ရ အတွင်းသီတင်းတွေ ပေါက်မှာကြောက်ရနဲ့"

ဦလေးကြီးစကားနဲ့တင် သူဂျွန့် ကို စိတ်ပူလာသည်။ ဝမ်းလည်းနည်းလာသည်။ ဂျွန်စိတ်ပင်ပန်းနေတာကို မသိပဲ သူကပါစိတ်ဒုက္ခထပ်ပေးသေးသည်။ ဂျွန်ရော ဘာဆေးတွေသောက်နေရလဲ။ ဘယ်အစားအစာနဲ့ မတည့်တာလဲ သူဘာမှမသိ။ဂျွန်ကသူ့အကြောင်းအားလုံးသိပေမဲ့ သူကတော့ဂျွန့် အကြောင်း ဘာမှမလေ့လာခဲ့တာပဲ။

"ထယ် ထယ်လေးဘာဖြစ်လို့လဲ"

ဂျွန်ရဲ့ စိုးရိမ်ကြီးနေတဲ့အသံကြားမှ သူ့ပါးပြင်ပေါ်ကပူနွေးစိုစွတ်မှုကိုခံစားမိသည်။

"ဟင့်အင်း ဘာမှဖြစ်ဘူး စိတ်မကောင်းလို့ စိတ်ပူလို့ မင်းကို"

သူပြောရင်းနဲ့ ဂျွန့် လည်ပင်းကို တွဲခိုပြီးဖက်ထားလိုက်မိသည်။ဂျွန် ကတော့ သူ့ကိုခပ်တင်းတင်းပြန်ဖက်ပြီး ခပ်ဟဟရယ်ရင်း

"ထယ်လေးရာ ကိုကဘယ်သူလဲ ။သူတို့တွေဘယ်နှစ်ယောက်ရှိရှိ ကို တစ်ယောက်ထဲရင်ဆိုင်နိုင်ပါတယ်ကွာ"

"တစ်ယောက်ထဲ ရင်ဆိုင်မယ်?ဟင့်အင်း မရပါဘူး ငါရော ငါရောပဲ။ ငါလည်းအတူတူ မင်းနားမှာအမြဲရှိနေမှာ"

ဂျွန် ကဘာမှပြန်မပြော ။ဒါပေမဲ့ သူတို့နှစ်ယောက် ခန္တာကိုယ်နှစ်ခု တစ်သားတည်းဖြစ်လုနီးပါး တင်းတင်းကျပ်ကျပ် ဖက်ထားမိကြသည်။

ℙ𝕠𝕤𝕤𝕖𝕤𝕤𝕚𝕧𝕖[Z&U]ᶜᵒᵐᵖˡᵉᵗᵉᵈМесто, где живут истории. Откройте их для себя