"ဒါကို ကျွန်တော်က ဆက်လုပ်ဖြစ်အောင်လုပ်သေးတာ ။ကျွန်တော် တော်တော်မိုက်မဲတာပဲ။ စီမံကိန်းက Appaရဲ့ ရည်ရွယ်ချက်လို့ တစ်ကယ်ယုံခဲ့တာ"

စိတ်မကောင်းဖြစ်သွားတဲ့ အမူအရာကြောင့် သူနှင့် လက်ချင်းယျှက်တွဲထားတဲ့ ဂျွန်ရဲ့ လက်ကို နောက်လက်တစ်ဖက်နှင့် ပါဆုပ်ကိုင်လိုက်မိသည်။

"အစ်ကိုလေးလို တက်သစ်စလူငယ် မပြောနဲ့ အစ်ကိုကြီးလို ဝါရင့်စီးပွားရေးသမားကိုတောင် ကူညီတတ်တဲ့စိတ်ရင်းလေးကို အသုံးချပြီး အခွင့်ရေးရအောင်ယူသွားသေးတာပဲ Mr Ohက တစ်ကယ့်ကို မြေခွေးအိုကြီးပဲ"

ဦးလေးကြီးရဲ့စကားကို သူခေါင်းညိတ်ထောက်ခံလိုက်သည်။

"ဟုတ်တယ် ဂျွန် မင်းမှာဘာအမှားမှမရှိပဲ။စိတ်မကောင်းဖြစ်တာ တော်တော့နော်။ ဦးလေး ဆက်ပြောပါ"

"အင်း အစ်ကိုကြီးက CheongDam မှာတစ်ခုခုဖြစ်တော့မယ် ဆိုတာရိပ်မိတော့ ဦးလေးကို စောင့်ကြည့်ခိုင်းထားတာ ။ မီးလောင်တဲ့ညက အိမ်ရှေ့ရောက်တော့ ကားတစ်စီးမောင်းထွက်သွားတာတွေ့တယ်  ။ဦး လည်း သိပ်သင်ခါမကင်းပေမဲ့ ဆက်စောင့်ကြည့်နေသေးတာ။နောက်တော့ မီးခိုးတွေမြင်တော့ မဖြစ်တော့ဘူးဆိုပီး ခြံကျော်ဝင်ခဲ့တာ။အဲ့လိုနဲ့ သားကိုတွေ့ခဲ့တာပဲ။ ဒါပေမဲ့ သူတို့ဘက်က ဦးခြံကျော်ဝင်တဲ့ပုံကို ရိုက်ထားလိုက်တယ်။ဦးကအလိုလို တရားခံဖြစ်တော့တာပဲ။ ဦးကလည်း စစ်ဆေးခံလိုက်ရင် J Groupပါ အမှုထဲပါမှာလည်းစိုး ဟိုဘက်ကလုပ်တာက သက်သေမရှိဆိုတော့ ပြေးဖို့ပဲကြံတော့တာ။ အစ်ကိုကြီး ကတော့သူခိုင်းမိလို့ဖြစ်ရတာဆိုပြီး အားလုံးကူညီပါတယ်။ဥပဒေပြင်ပလုပ်ရပ်တွေပါ ပါတာပေါ့။လာဒ်ထိုးတာတို့ ရေကြောင်းက ခိုးထွက်ဖို့လုပ်တာတို့။အဲ့လိုနဲ့ အမေရိက ရောက်တော့ ဦးကိုငွေပို့ပေးတာတောင် သူများမရိပ်မိအောင် အစ်ကိုလေး ကျောင်းစားရိပ်ထဲကနေပေးခိုင်းခဲ့တာ။ နောက်ပိုင်း အစ်ကိုကြီးကို ထပ်မဆက်သွယ်တော့ဘူး ။ဦးကြောင့် ဒုက္ခတွေ့မှာစိုးလို့။အစ်ကိုကြီး ရုတ်တရက်ဆုံးတော့ ဂါဝရပြုဖို့တောင် မသွားနိုင်ဘူး။"

သူ ဂျွန့် ကိုလှည့်ကြည့်လိုက်မိသည်။ ဂျွန် ရောအဲ့ဒီအခြေအနေကို ဘယ်လိုရင်ဆိုင်ခဲ့ရတာလဲ။

ℙ𝕠𝕤𝕤𝕖𝕤𝕤𝕚𝕧𝕖[Z&U]ᶜᵒᵐᵖˡᵉᵗᵉᵈWhere stories live. Discover now