Hello !

631 25 1
                                    

Happy Halloween !!

အိမ်မှာ ညီမ ဝမ်းကွဲ နှစ်ယောက်ရှိတယ်။ သူတို့ကို ပုံပြင်ရေးပေးမယ် စိတ်ကူး ရပြီး မေးဖြစ်တယ် ။

မိမိ : "ဘယ်လို ပုံပြင် ဖတ်ချင်လဲ "

မိမိညီမ ၁ : "တောထဲက နန်းတော်ကြီးအကြောင်း"

မိမိ ညီမ ၂ : "မင်းသားလေး အကြောင်း"

ဒါနဲ့ပဲ ရွှန်းလဲ့ရည်နိုင် တစ်ယောက် သရဲပုံပြင် တစ်ပုဒ် ရေးပေးလိုက်တော့တယ်။

မိမိ ညီမများ : "..........."

>>>>>>>>>>>>>>>>

ဇာတ်လမ်းအကြောင်း

ဇာတ်လမ်း နာမည် _ October 31

ဒီဇာတ်လမ်းက သရဲတွေ၊ ဝိဥာဉ်တွေ အကြောင်း ရေးထားတာပါ။

တစ်ခုပဲ သရဲတွေက ကြောက်ဖို့မကောင်းဘဲ သူတို့က "မုန်းမာန်" ကို ပြန်ကြောက်နေကြတယ်။

"မုန်းမာန်" က သာမာန် လူတစ်ယောက်ပါပဲ။ ကားတိုက် သေပြီးတဲ့နောက်မှာ ငရဲရောက်ရမယ့်အစား သောက်ကျိုးနည်း ပေါက်ကရတွေ ရေးထားတဲ့ သမားရိုးကျ ဇာတ်လမ်း တစ်ပုဒ်ထဲ ရောက်သွားတော့တယ်။

မူလဝတ္တုမှာ ဇာတ်လိုက်က ခန့်မှန်းရခက်တဲ့ အစွမ်းတွေရှိတယ်။ ပြီးတော့ ဝိဥာဉ်တွေ၊ တစ္ဆေလေးတွေကို ကယ်ဆယ်ရတဲ့ ဇာတ်လမ်း တစ်ပုဒ်ပေါ့။

ဒါဆို မုန်းမာန်က မူလ ဇာတ်လမ်းအတိုင်း ပရလောကကို ကူညီမှာလား။

ဝိဥာဉ်ကူးပြောင်းလာတဲ့ မုန်းမာန် : "အင်း ပိုက်ဆံ ရရင်ပေါ့ အလကားတော့ ဘာမှ မရဘူး"

October 31Where stories live. Discover now