Chapter - 5

5.6K 918 47
                                    

Zawgyi

အန်းစ်ဆီကနေ ငါးကို ယူလိုက်ပြီး သန့်ရှင်းရေးလုပ်ရန် ပြင်လိုက်သည်၊အခုမှ သတိရတယ်... အန်းစ်ရဲ့အိမ်မှာတုန်းက ရေရှိတယ်ထင်ပြီး ငါးကင်ဖို့လိုအပ်တဲ့ပစ္စည်းတွေ ရှာခိုင်းမိလိုက်တယ်...အခု ဒီဆေးပြီးသား ငါးကို ပြန်သယ်သွားရမှာလား... ငါဗိုက်တော်တော်ဆာနေပြီ!

ရှင်းရန် စင်ယော်တောင်မျက်ခုံးလေးဟာ တစ်ခုခုကို အလိုမကျသလို အလယ်ကိုကြုတ်သွားကာ မြင်တော့ အန်းစ်ဟာ

"ရှင်းရန် ဘာဖြစ်လို့လဲ... ဒီငါးကို သဘောမကျလို့လား"လို့ မေးလိုက်တော့ ရှင်းရန်ဟာ ခေါင်းလေးခါယမ်းလိုက်ပြီး... သူ့လက်ထဲက ငါးကိုလက်ညွှန်းထိုးကာ

"ဒီငါးကို ကင်မလို့... ဒါပေမယ့် အန်းစ်ကို ရှာခိုင်းလိုက်တဲ့ ပစ္စည်းတွေက အိမ်မှာ ကျန်ခဲ့တယ်လေ... "လို့ ပြောလိုက်တော့ အန်းစ်ဟာ အလိုက်တသိဖြင့်

"ကိုယ် သွားယူလိုက်မယ်... မကြာဘူး ခဏပဲ စောင့်"လို့ ပြောသွားရင်း ကျားသစ်နက်ပုံသဏ္ဍာန်ပြောင်းကာ ပြေးထွက်သွားတော့သည်၊

'ဇာတ်လိုက်ကောင်က ခိုင်းစားရတာ ကောင်းလိုက်တာ'

[System:  အဲ့မှာ ခိုင်းစားနေလိုက်]

ရှင်းရန်ဟာ နှစ်ပေလောက်ရှိတဲ့ ငါးကို အနီးနားမှာရှိတဲ့ မျက်နှာပြင်ကြမ်းသည့် သူလက်ဝါးလောက်ရှိတဲ့ ကျောက်တုံးတစ်တုံးကို ယူလိုက်ပြီး ငါးရဲ့ကြေးခွံတွေကို အပေါ်ယံတိုက်ချွတ်လိုက်ပြီး ငါးရဲ့ပါးဟပ်ကို အားနဲ့ဖြဲလိုက်ပေမယ့်...မရ! ဒီငါးက အရမ်းကြီးတဲ့အပြင်၊သူတို့ကမ္ဘာမှာ ကိုယ်တိုင်လုပ်စရာမလိုပဲ အသားငါးရောင်းတဲ့ဈေးသည်တွေကို လိုချင်သည့်ပုံစံ ခုတ်ခိုင်း၊ဖြတ်ခိုင်းရုံဖြစ်တာကြောင့် အခုလို လက်တွေ့ကျကျဟာ... ဒီငါးပါးဟပ်က ဘာလို့!ခက်ခဲနေရတာလဲ

"ကိုယ် ကူညီပေးရမလား" ယောကျာ်းတစ်ယောက်အသံဟာ သူ့ဘေးရောက်လာတာကြောင့် ကြည့်လိုက်တော့ ခုနက သူ့ကို သားရဲသားရေတွေပေးသည့် အဖွဲ့ထဲက တစ်ယောက်ဖြစ်နေသည်၊ ဒီက စည်းမျဉ်းစည်းကမ်းတွေကို နားမလည်ပေမယ့်... လွယ်လွယ်နဲ့အကူညီမလိုချင်တာကြောင့် ရှင်းရန်ဟာ ငြင်းပယ်လိုက်သည်၊ ပါးဟပ်ကို ဖြဲပြီး အထဲကကလီစာတွေ ထုတ်ပစ်ချင်ပေမယ့် ငါးကင်မှာဖြစ်တာကြောင့် မထုတ်ရန်သာ စဉ်းစားလိုက်သည်၊ထိုနောက် မီးခြစ်သိုလှောင်ထဲကနေ အခြားသူတွေမမြင်ခင်မှာ ဆားခဲတစ်ခဲကို ထုတ်လိုက်ပြီး ငါးရဲ့မျက်နှာပြင်ကို ပွတ်သတ်လိုက်သည်၊ သူလုပ်စရာတွေပြီးစီးသွားတဲ့အချိန်မှာ ငါးကိုကျောက်တုံးတစ်တုံးပေါ် မတင်လိုက်ပြီး အန်းစ်အလာကို စောင့်မျှော်နေလိုက်သည်၊ စမ်းချောင်းနဲ့ အိမ်ဟာ မဝေးတာကြောင့် အန်းစ်ဟာ ပြန်ရောက်လာခဲ့ပြီး ရှင်းရန်ဟာ သူလိုချင်သည့်ပုံစံအနေအထားနဲ့ အန်းစ်ကိုထားခိုင်းလိုက်သည်...

The beasts and The young manWhere stories live. Discover now