Chapter-25

1K 175 14
                                    

Zawgyi

"ရန်က ဘယ်သူကြောင့်ကြောက်လန့်နေတာလဲ မင်းကိုယ်တိုင်မသိဘူးလား မာနီယန်"

လင်းက ရှင်းရန်ရဲ့ကျောကို ပုတ်ပေးရင်း မာနီယန်ကိုကြည့်ကာမေးလိုက်သည်၊မာနီယန်က မျက်မှောင်ကြုတ်သွားပြီး ပြန်ပြောရန်အလုပ်မှာ နောက်ထပ်ယောက်ျားတစ်ဦးကရောက်လာပြန်ပြီ၊

"ရှင်းရန် ဘာဖြစ်တာလဲ" ခရစ်ဘ်က ရောက်လာပြီး လင်းရဲ့ရင်ခွင်ထဲမှာ မျက်ရည်များစီးကျကာငိုယိုနေတဲ့ရှင်းရန်ကိုကြည့်ရင်းမေးလိုက်သည်၊

"သူတို့က ရှင်းရန်ကိုနှောင့်ယှက်နေတာလေ" လင်းက မာနီယန်တို့ကိုအေးစက်စွာကြည့်ရင်းပြောလိုက်တော့ ခရစ်ဘ်ရဲ့အကြည့်ကလည်း ရစ်အမျိုးသားတွေဘက်ရောက်လာသည်၊ဒါပေမယ့် အကြည့်တွေက လင်းထက်တောင် ပိုမိုပြီးအေးစက်နေတာကြောင့် ရစ်အမျိုးသားတွေမှာ ကြောက်လန့်မှုကြောင့် တုန်ယင်နေတော့သည်၊

"သူတို့က အိုရက်စ်နဲ့ခင်မင်ချင်ရုံပဲ ဒါကို အိုရက်စ်က လာကြောက်လန့်နေတာကိုး" မာနီယန်တစ်ယောက်ပဲ ရှေ့ရှိယောက်ျားနှစ်ဦးကိုရင်ဆိုင်ရဲသည်၊

"အိုး...အိုရက်စ်ရဲ့အကြောက်တရားက ဘယ်သူကြောင့်လဲဆိုတာ မင်းမသိတာလား...ဒါမှမဟုတ် မျက်နှာပြောင်တိုက်ပြီးမေ့ထားတာလား" ခရစ်ဘ်က ဒေါသကြောင့်မေးရိုးများထိုးထောင်နေပြီး မာနီယန်ကို မေးလိုက်သည်၊

"ခရစ်ဘ်...ကျွန်တော်အဆင်ပြေပါတယ်" ရှင်းရန်က လင်းရင်ခွင်ထဲကနေထွက်လိုက်ပြီး ခရစ်ဘ်ရဲ့လက်မောင်းအားဆွဲလိုက်သည်၊

"ကိုယ်ကတော့မရဘူး...ပြောလေ မင်းရဲ့တွဲဖက်က လောင်းကြေးရှူံးနိမ့်ပြီး မင်းတို့က အခြားမျိုးနွယ်ဆီမှာ မင်းရဲ့ညီကို ရောင်းစားခဲ့တာလေ"

"ဘယ်လို..." အခြားရစ်အမျိုးသားတွေက နားမလည်စွာဖြစ်နေချိန်မှာ မာနီယန်က​တော့ မျက်နှာအမူအရာပျက်နေတော့သည်၊ရှင်းရှင်းပြောရရင် အိုရက်စ်ကို ကျားမျိုးနွယ်စုလက်ထဲကို ထည့်ပေးလိုက်တဲ့ကိစ္စကို လက်ရှိကျားမျိုးနွယ်ကလူတွေက မသိပေ၊

"ဘာလဲ မင်းတို့တွေမသိဘူးမလား ဂရင်းက အိုရက်စ်ကို တွဲဖက်အနေနဲ့လက်ခံတာက သာမန်ဖြစ်ရိုးဖြစ်စင်အတိုင်းလို့ထင်နေကြတာလား

The beasts and The young manWhere stories live. Discover now