Chapter -8

4.1K 667 26
                                    

Zawgyi

မင်ရှင်းရန်ရဲ့ နူတ်ခမ်းလေးများကော့စွာပြုံးလိုက်ပြီး သူရဲ့အပြာရောင် မက်မွန်လွှာပုံသဏ္ဍာန်မျက်ဝန်းတောက်တောက်လေးများပိုင်ဆိုင်ထားသည့်မျက်လုံးတစ်စုံဟာ လခြမ်းလေးလို ကွေးသွားကာ

"ကျေးဇူးတင်ပါတယ် ခရစ်ဘ်" လို့ ပြောလိုက်တော့ ခရစ်ဘ်ဟာလည်း ပြုံးရုံသာပြုံးနေပြီး ဘာမှပြောမပြောခဲ့ပေ၊ဒါပေမယ့် သူတို့နှစ်ယောက်ကြားထဲက လေထုကတော့ အလွန်ကို နှစ်လိုဖွယ်ကောင်းနေပြီး တစ်ယောက်ကိုတစ်ယောက် နားလည်နေသည့်အတိုင်းပင်၊

"ခရစ်ဘ် ဒီမျိုးနွယ်မှာ ရှိနေတာ ကြာပြီလား?" လို့မေးလိုက်တော့ ခရစ်ဘ်ဟာ ခေါင်းညိတ်လာကာ

"ကိုယ့် ​လေးနှစ်အရွယ်တုန်းက ကိုယ်မိသားစုက ကိုယ့်ကို တောထဲမှာ စွန့်ပစ်ခဲ့ကြတာလေ နောက်တော့ ကျားသစ်နက်မျိုးနွယ်ရဲ့ခေါင်းဆောင်က ကိုယ့်ကို ရှာတွေ့ခဲ့တာပဲ အဲ့ထဲကနေ ဒီအရွယ်ထိ ကိုယ် ဒီမျိုနွယ်မှာပဲ နေထိုင်ခဲ့တာ"

"တောင်းပန်ပါတယ်... ကျွန်တော်ကြောင့် ခရစ်ဘ်ရဲ့အတိတ်ဆိုးတွေကို ပြန်အစဖော်မိသွားတယ်" လို့ ရှင်းရန်ဟာ ဝမ်းနည်းစွာဆိုလာသည့် ချိန်မှာ ခရစ်ဘ်ဟာ ရှင်းရန်ရှေ့ ရပ်ကာ ငုတ်တုတ်ထိုင်လိုက်ပြီး ရှင်းရန်ရဲ့လက်လေးကို ကိုင်ကာ

"ကိုယ်ရဲ့အတိတ်၊ပစ္စပ္ပုန်၊အနာဂတ် အားလုံးကို ရှင်းရန်ကို သိချင်စေတယ်...ပြီးတော့ ကိုယ်စွန့်ပစ်ခံခဲ့ရတာ ကောင်းတာပဲလေ အခု အနာဂတ်မှာ ရှင်းရန်နဲ့ ကိုယ်ဆုံတွေ့ရတာပဲလေ"

"ဒါပေမယ်... "

"မဝမ်းနည်းပါနဲ့...သူတို့က ကိုယ့်ကို တကြိမ်ထဲစွန့်ပစ်ခဲ့တာ ကိုယ်က သူတို့ကို အကြိမ်ပေါင်းများစွာ စွန့်ပစ်ခဲ့ပြီးပြီ ကိုယ်ရဲ့ရှင်းရန် မှတ်ထားပါ မင်းကို နားမလည်တဲ့သူကို စွန့်ခွာခဲ့တာက မိုက်မဲမှုမဟုတ်ဘူး... အဲ့တာ ရဲရင့်မှုပဲ" ပြောလာသည့် ခရစ်ဘ်စကားများဟာ အိုရက်စ်အတွက် ပြောပြပေးနေမှန်း သိသာသည်၊ဒါပေမယ့် ဒီသားရဲကမ္ဘာမှာ မှော်ဆရာတွေ ဥာဏ်ရည်မြင့်မားတဲ့သူတွေများလား? ခရစ်ဘ်ဆိုရင် ရုပ်ရည်ချောမောရုံသာမက အရည်အချင်းလည်းရှိသေးသည်၊

The beasts and The young manWhere stories live. Discover now