Chapter -18

2.2K 359 8
                                    

Zawgyi

ကျားသစ်နက်မျိုးနွယ်ကို ပြန်ရောက်တဲ့အချိန်မှာ မျိုးနွယ်ဝင်တိုင်းဟာ ပျော်ရွှင်နေကြတော့သည်၊သူတို့ဟာ အဖွဲ့ဝင်အသစ်ဖြစ်တဲ့လင်းယုန်သားရဲ လင်းကို ကြိုဆိုနေကြတော့သည်၊

ပျံသန်းနိုင်တဲ့ငှက်သားရဲအထီးကို ရရှိတာထက် ထိုသားရဲအထီးဟာ လင်းယုန်မျိုးနွယ်ရဲ့ဒုတိယမင်းသားဖြစ်နေတာကြောင့် ကျားသစ်နက်မျိုးနွယ်အတွက် အင်အားတစ်ဆင့် တက်စေသည်၊

ပိုင်လင်းရုန်ကတော့ ရှင်းရန်ရဲ့တွဲဖက်ဖြစ်တာကြောင့် ရှင်းရန်တို့နဲ့အတူ နေထိုင်သင့်ပြီး ကျန်တဲ့နှစ်ယောက်ကလည်း လက်မခံချင်ပေမယ့် လက်ခံလိုက်တော့သည်၊ဘာပဲဖြစ်ဖြစ် သူတို့တွေက အတတ်နိုင်ဆုံး ရှင်းရန်ကို ကာကွယ်ပေးမည်၊

"ငှက်စုတ် မင်းသာ အကျင့်မယုတ်ခဲ့ရင် ရှင်းရန်နား ကပ်ခွင့်ရှိမှာမဟုတ်ဘူး"အန်းစ်ဟာ ပိုင်လင်းရုန်ကို မကျေနပ်စွာပြောလိုက်တော့ ပိုင်လင်းရုန်ဟာ ရယ်မောလိုက်သည်၊

"စစ်မြေပြင်မှာတောင် ရန်သူအချင်းချင်း သက်ညှာလို့လား မင်းဘာသာ အသုံးမကျလို့ ခံရတာလေ... ငါ့ကို လာအပြစ်မတင်နေနဲ့"

"မင်း!" အန်းစ်ဟာ ပိုင်လင်းရုန်ကို ပြန်မငြင်းနိုင်တော့ပေ၊ပိုင်လင်းရုန်ပြောတဲ့စကားဟာ အဓိပ္ပါယ်ရှိသလို မှန်လည်းမှန်ကန်လှသည်၊

"အန်းစ်... အခုချိန်မှာ ငါတို့တွေက ရှင်းရန်ရဲ့တွဲဖက်တွေဖြစ်နေပြီပဲလေ... ရန်ဖြစ်နေတာက ရှင်းရန်ကို ဝမ်းနည်းစေလိမ့်မယ်" ခရစ်ဘ်က အန်းစ်ကို ပြောလိုက်တော့ အန်းစ်ဟာ အိပ်နေတဲ့ရှင်းရန်ကို လှမ်းကြည့်လိုက်သည်၊

အန်းစ်ရဲ့မျက်ဝန်းများဟာ နူးညံ့သွားပြီးနောက်မှာ သက်ပြင်းချလိုက်သည်၊

"မင်းမှန်တယ် ခရစ်ဘ်"

ထို့နောက်မှာတော့ အန်းစ်ဟာ ရှင်းရန်အိပ်နေတဲ့ဘေးနား သွားလှဲရင်း ရှင်းရန်ကို သူ့ရဲ့ရင်ခွင်ထဲထည့်လိုက်သည်၊သူ့ရဲ့ကျားသစ်နက်အမြှီးကလည်း ရှင်းရန်ရဲ့ခြေထောက်ကို ပတ်ထားတော့သည်၊

ပိုင်လင်းရုန်ရဲ့ပယင်းရောင်မျက်ဝန်းတစ်စုံဟာ မကျေနပ်မှုများဖြတ်သန်းသွားပေမယ့် ဒီကမ္ဘာရဲ့ဖွဲ့စည်းမှုကို နားလည်တာကြောင့် ပိုင်လင်းရုန်က သည်းခံရုံသာတတ်နိုင်တော့သည်၊

The beasts and The young manWhere stories live. Discover now