Chapter -9

4K 637 59
                                    

ထပ်သတိပေးပါရစေ သားရဲကမ္ဘာမှာ 'ရစ်'အမျိုးသားငယ်လေးတွေကော၊အမျိုးသမီးတွေကောကို အမ ဆိုပြီး သုံးထားပါတယ်ဗျ

Zawgyi

နောက်နေ့ရောက်​တော့ အန်းစ်နဲ့ခရစ်ဟာ ရှင်းရန်ကို ခေါ်ကာ မျိုးနွယ်ခေါင်းဆောင်ရှိရာကို ခေါ်ဆောင်သွားတော့သည်၊ခေါင်းဆောင်ရဲ့နေရာရောက်တော့ အခြားပြိုင်မဲ့လူတွေရယ် ရစ်အမျိုးသားအချို့နဲ့အမျိုးသမီးများပါ ရှိနေပြီဖြစ်သည်၊

ကျားသစ်မျိုးနွယ်နဲ့ အမများဟာ အဝေးကနေလှမ်းလာနေသည့် ပုံရိပ်သုံးခုကိုကြည့်ရင်း တဖြည်းဖြည်းနီးလာသည့်ချိန်မှာ အံ့အားသင့်ကုန်ကြတော့သည်၊ သူတို့ရွာရဲ့မှော်ဆရာခရစ်ဘ်ဟာ ဘယ်တော့မှာ ရွာထဲခြေချတဲ့သူမဟုတ်တာကြောင့် အခုလို မြင်လိုက်ရတော့ အံ့အားသင့်ကုန်တာ အမှန်ပေ၊အထူးခြားဆုံးဟာ ကျားသစ်နက်ပေါ်မှာ ခွထိုင်လာသည့် စိမ်းလန်းနေသည့်သစ်တောအရောင် ဆံပင်အစိမ်းရောင်နဲ့လှပသည့် လူငယ်လေးပင်၊

အဲ့လူငယ်လေးက ဘယ်သူလဲ...၊မင်းသားအန်းစ်တောင် စီးခွင့်ပေးထားသည်ဆိုတော့ မင်းသားအန်းစ်ရဲ့တွဲဖက်များလား၊ထိုသို့တွေးမိကြရင်း ခေါင်းဆောင်တို့နားမှာရပ်နေသည့် 'ရစ်'အမျိုးသားကိုင်လန်ကို လှမ်းကြည့်မိလိုက်သည်၊ဘာပဲဖြစ်ဖြစ် တမျိုးနွယ်လုံးက ကိုင်လန်က မင်းသားအန်းစ်ကိုသဘောကျနေသည့်အကြောင်းကို သိသည်ကိုး၊

ကိုင်လန်ဟာလည်း မျက်နှာသည်မကျေနပ်မှုကိုဖော်ပြထားလွန်းလို့ တော်တော်ကြည့်ရဆိုးနေတော့သည်၊သူ့ဘေးက သူရဲ့တွဲဖက်အမျိုးသားတွေကတော့ ကိုင်လန်မျက်နှာပျက်သွားသည်နှင့် ချက်ချင်းပြာယာခတ်က အမျိုးမျိုးချော့မောနေတော့သည်၊

ခရစ်ဘ်တို့က သူတို့ကို စောင့်မျှော်နေသည့်အဖွဲ့နားရောက်တော့ ခေါင်းဆောင်ရှိရာကို တချက်အရိုအသေပေးလိုက်ပြီးနောက်မှာ မြေပြင်ပေါ်ဝပ်လိုက်သည့်ကျားသစ်နက်ပုံသဏ္ဍာန်အန်းစ်ကိုယ်ပေါ်က ရှင်းရန်ကို ဂရုတစိုက် ခါးကနေပွေ့ချီက မြေပြင်ပေါ် ချပေးလိုက်တော့သည်၊သူလုပ်သည့်ပုံစံဟာ ရိုးရှင်းပေမယ့် ထိုအစိမ်းရောင်ဆံပင်ရှည်နဲလှပသည့် အမျိုးသားပေါ် ဘယ်လောက်ထိချစ်မြတ်နိုးကြောင်း အရမ်းပေါ်လွင်နေတာကြောင့် လူတိုင်းဟာ ခရစ်ဘ် တွဲဖက်ရသွားပြီလို့ထင်သွားကြတော့သည်၊

The beasts and The young manWhere stories live. Discover now