Chapter-10

3.7K 633 49
                                    

Zawgyi

သားရဲတွေကြားက ယှဉ်ပြိုင်မှုဟာ ခပ်ရှင်းရှင်းလေး၊ပုံစံနှစ်မျိုးရှိပြီး ပထမတစ်မျိုးဟာ အင်အားချင်းယှဉ်ပြိုင်သည့်ပြိုင်ပွဲဖြစ်ပြီး နောက်တစ်မျိုးဟာ အမဲလိုက်စွမ်းရည်ယှဉ်ပြိုင်သည့်ပြိုင်ပွဲဖြစ်သည်၊ သားရဲအထီးတွေထဲရှိ တွဲဖက်မရှိသေးသည့်သူတွေဟာ အမများရဲ့စိတ်ဝင်စားမှုကို ခံရရင် သူတို့ရဲ့ခွန်အားကို ထုတ်သုံးကြကာ ဆွဲဆောင်သည့်ပြိုင်ပွဲဖြစ်သည်၊ အခုလည်း သားရဲအထီးများဟာ စိတ်အားထက်သန်တက်ကြွနေရင်း အခုချက်ချင်းပဲ အင်အားထုတ်ပြတော့မည့်အလား။

ရှင်းရန်လည်း စိတ်အားထက်သန်စွာ ပတ်ဝန်းကျင်ကိုကြည့်ရင်း သားရဲယောကျာ်းပျိုတစ်ဦးကို သတိထားမိလိုက်သည်၊သတိထားမိရသည့်အ​ကြောင်းအရင်းဟာ ထိုယောကျာ်းဘေးနားတွင် များစွာသောအမများရှိတာ​ကြောင့်ဖြစ်သည်။ဒါ​ကြောင့် ထိုသို့လူစုလူဝေးဖြစ်နေသည့် အဓိကဗဟိုဖြစ်သည့် ထိုယောကျာ်းကို ရှင်းရန်သတိထားမိတာ မဆန်းကျယ်ပေ၊

ထိုယောကျာ်းဟာ ခြင်္သေ့အနွယ်ဖြစ်ပုံရပြီး လှိုင်းသဖွယ်ကောက်နေသည့် ရွှေအိုရောင်ဆံပင်များဟာ ကျောနောက်ဘက်ဖြာဆင်းနေပြီး ရွှေဝါရောင်မျက်ဝန်းများဟာလည်း နေရောင်အောက်မှာ တောက်ပနေပြီး လေးထောင့်ဆန်သောမျက်နှာအချိုးအစားကို ပိုင်ဆိုင်ထားပြီး ခန့်ညားချောမောသည့်ယောကျာ်းတစ်ဦးဖြစ်သည်။ဒါကြောင့်လည်း 'ရစ်'အမျိုးသားများနဲ့သားရဲအမများလည်း ဝန်းရံမှုကို ခံရတာမဆန်းကျယ်ပါဘူး၊ဒါပေမယ့် ရှင်းရန်ဟာ ချောကြောင်းအသိအမှတ်ပြုပြီးနောက်မှာ သူရဲ့အကြည့်များဟာ တခြားဘက်ကို ရောက်သွားတော့သည်။ဆက်ကြည့်ရန်လည်း စိတ်မဝင်စားတာကြောင့်ပါသည်။

ရှင်းရန်ရဲ့အကြည့်များဟာ ငွေရောင်ဆံပင်များ၊လိမ္မော်ရောင်ဆံပင်များနဲ့ကြည့်ကောင်းသည့်သားရဲမျိုးနွယ်တွေဆီရောက်သည့်ချိန်မှာတော့ သူရဲ့နှလုံးသားဟာ တုန်လှုပ်သွားပြီး အနောက်ကို ခြေလှမ်းများဆုတ်ခွာသွားမိတော့သည်။သူရဲ့နှလုံးသားထဲကနေ အကြောက်တရားကို ခံစားလိုက်ရသည်။

"ရှင်းရန်" အန်းစ်ဟာ သူရဲ့လက်မောင်းကိုဆွဲကာ ရင်ခွင်ထဲဆွဲထည့်လိုက်ပြီး သူရဲ့မေးကို ပင့်တင်ကာ စိုးရိမ်ပူပန်နေသည့်အသံဖြင့်ခေါ်လိုက်ပေမယ့် ရှင်းရန်သေချာမကြားပေ၊သူရဲ့နှလုံးသားထဲမှာ အကြောက်တရားတွေစိုးမိုးနေတော့သည်။Systemက မပေးထားသည့်မှတ်ဥာဏ်အပိုင်းအစအချို့တွေဟာ သူ့ခေါင်းထဲ တိုးဝင်လာသည့်ချိန်မှာ ရှင်းရန် ခံနိုင်ရည်မရှိတော့ဘဲ မေ့လဲကျသွားတော့သည်၊နောက်ဆုံး သူကြားလိုက်တာက အန်းစ်နဲ့ခရစ်ဘ်ရဲ့စိုးရိမ်သံများသာဖြစ်သည်။

The beasts and The young manWhere stories live. Discover now