Chapter -19

1.9K 346 12
                                    

Zawgyi

ရှင်းရန်ရဲ့မျက်နှာဟာ နီရဲနေရင်း ပိုင်လင်းရုန်ရဲ့အောက်ပိုင်းကိုကြည့်နေရာကနေ ခွာလိုက်တော့သည်၊systemကနေ အမှတ်တွေဝင်လာပေမယ့် သူ့မှာ မပျော်နိုင်သေးပေ၊

ရှင်းရန်ရဲ့နားများဟာ နီရဲနေပြီး နူတ်ခမ်းများဟာ လင်းရဲ့အရိုင်းဆန်လှတဲ့အနမ်းများကြောင့် ဖူး​ယောင်နေပြီး သွေးစို့နေပေမယ့် ရှက်ရွံ့မှုကြောင့် အနည်းငယ်တုန်နေတာကြောင့် ကြည့်ကောင်းလှသည်၊

လင်းဟာ ရှင်းရန်ရဲ့လက်ကောက်ဝတ်ကနေ လှမ်းဆွဲလိုက်ပြီး လက်ချောင်းလေးတွေကို သူ့ရဲ့ပါးစပ်နားကပ်ကာ နမ်းလိုက်သည်၊ထိပ်ဖျားလေးတွေ ရဲတွတ်နေတဲ့လက်ချောင်းလေးတွေကို ဖွဖွလေးကိုက်လိုက်ပြီး လျက်လိုက်သည်၊လင်းရဲ့ပယင်းရောင်မျက်ဝန်းများမှာ ရမ္မက်များလောင်ကျွမ်းနေပြီး ရှင်းရန်ကို အကောင်လိုက်မြိုချပစ်ချင်သလိုပင်၊

"တော်တော့"

ထိုချိန်မှာ ခရစ်ဘ်ကရောက်လာပြီး လင်းရဲ့ပေါင်ပေါ်မှာထိုင်နေတဲ့ရှင်းရန်ကို ခါးကနေဆွဲလိုက်ပြီး သူ့ရင်ခွင်ထဲထည့်လိုက်သည်၊ထို့နောက်မှာ ခရစ်ဘ်ဟာ လင်းကိုစိုက်ကြည့်လိုက်ပြီး ပြောလိုက်သည်၊

"ရှင်းရန်က အရွယ်မရောက်သေးဘူး" လင်းရဲ့မဖွယ်မရာအပြုအမူကြောင့် ရှင်းရန်ရဲ့စိတ်များဟာ ဗလာဖြစ်နေရင်း ခရစ်ဘ်ရောက်လာမှ အသိပြန်ဝင်လာပြီးနောက်မှာ ခရစ်ဘ်စကားကြောင့် နားမလည်ဖြစ်သွားတော့သည်၊

'ဥထဲကအစ်မက... အရွယ်မရောက်သေးဘူးဆိုတာ ဘာကိုပြောတာလဲ'

[System:မင်းဝင်ထားတဲ့ခန္ဓာကိုယ်ပိုင်ရှင်က အရွယ်မရောက်သေးဘူးလေ...အရွယ်ရောက်လာတဲ့အမတွေမှာ ကိုယ်ပိုင်ဟောမုန်းရှိတယ် မင်းမှာမရှိသေးဘူး ဒါကြောင့် ဇာတ်လိုက်ခရစ်ဘ်က မင်းကိုအရွယ်မရွယ်သေးဘူးလို့ပြောတာ]

'ဒါက ကောင်းတာပေါ့နော်...' ရှင်းရန်ဟာ စိတ်ထဲအနည်းငယ်ပျော်သွားတော့သည်၊သူက ဒီခန္ဓာကိုယ်ပိုင်ရှင်ကို တာဝန်ယူထားမှတော့ သားရဲအထီးတွေကြားရှိ တွဲဖက်တွေရဲ့ဆက်ဆံရေးကို မသိတဲ့တုံးအတဲ့သူမဟုတ်ပေ၊ဒါပေမယ့် သူအဆင်သင့်မဖြစ်သေးခင်မှာတော့ အခြားယောကျာ်းတစ်ယောက်နဲ့ ထိုလိုဆက်ဆံရေးမဖြစ်ချင်ပေ၊

The beasts and The young manWhere stories live. Discover now