Haera​ပြောသမျှကို Krisသိ​နေပြီး ​ဆေး​ကျောင်းတစ်ဝက်​လောက်နဲ့ထွက်လိုက်ရသူမို့ အ​ခြေခံလုပ်ရမှာ​တွေ အ​ခြေအ​နေတွေ​လောက်​တော့ Krisနားလည်သည်...

"​အေးချုပ်ရမယ်ဆို​တော့လည်း ချုပ်​ပေါ့..."

Haeraလုပ်သမျှကို Kris​ဘေးက​နေအသာထိုင်ကြည့်​နေလိုက်သည်...

ဒဏ်ရာကို ​သေသပ်စွာလုပ်ကိုင်​နေ​သော Haeraသည် ကိုယ်ပိုင်​ဆေးခန်းနဲ့ နာမည်ရဆရာဝန်မ​လေးတစ်ဦးဖြစ်သည်...

ရုပ်လည်း​ချောသလို ပညာလည်း​တော်တဲ့ Haeraနဲ့ Y Groupရဲ့ CEO Krisသည် နှစ်ဖက်အသိုင်းအဝိုင်း​တွေကြား စီးပွား​ရေးလုပ်ငန်း​အသိုင်းဝိုင်း​ လူအများကြားမှာ​တော့ နာမည်ကြီးစုံတွဲဖြစ်သည်...

နှစ်ဖက်မိဘ​တွေကလည်း မိတ်​ဆွေ​တွေဖြစ် Krisတို့ကလည်း ငယ်သူငယ်ချင်းတွေမို့ အရွယ်​ရောက်လာချိန်မှာ Krisတို့ကို ​စေ့စပ်​ပေးခဲ့ကြသည်...

Haeraက ​ရွေးချယ်သင့်တဲ့မိန်းက​​လေး​တွေထဲပါသူဖြစ်သလို ထိုအချိန်က နှစ်​ယောက်​လုံးမှာကလည်း ချစ်သူရည်းစားလည်း မရှိ​သေးတာ​ကြောင့် မိဘ​တွေစကားကို နား​ထောင်ကာ ​စေ့စပ်ခြင်းကိုလက်ခံခဲ့ကြသည်...

အချစ်ဆိုတာဘာလဲ ခုထိ Krisမသိ​သေးပါ... သိလည်းမသိချင်ဘူး... အချိန်တန်လက်ထပ်ရမယ့်သူရှိပြီးသားမို့ အချစ်အ​ကြောင်းကိုလည်း ထူးပြီးမစဥ်းစားချင်​တော့ဘူး...

Krisအ​တွေး​တွေထဲမှာ က​လေးငယ်ကို ​စောင့်​ရှောက်ဖို့ရယ်... မိဘ​တွေထားခဲ့တဲ့ ကုမ္ပဏီကို မ​ပျောက်မပျက်ပဲ ပိုပြီး​အောင်မြင်​အောင်လုပ်ဖို့ရယ်သာရှိသည်...

က​လေးငယ် ကိုယ့်ကိုယ်ကိုယ် ​စောင့်​ရှောက်နိုင်တဲ့အထိ Krisရဲ့ထိုတာဝန်​တွေက ရှိ​နေဦးမှာဖြစ်သည်...

"ဟဲ့ Kris... ငါ​ပြော​နေတာကို​ရော ကြားရဲ့လား..."

လက်​မောင်းကို ​​ဖျောင်းခနဲရိုက်ခံလိုက်ရခြင်းနဲ့အတူ Haeraအသံကို ကြားမှ Kris အ​တွေးလွန်​နေရာမှ အသိဝင်လာသည်...

"ဟမ် နင်ဘာ​ပြောလိုက်တာလဲ..."

"​သြော် က​လေးသတိရလာရင် ​တိုက်ဖို့​ဆေး​တွေ​ပေးခဲ့မယ်... ဒီနှစ်ရက်တော့ အစာအ​ပျော့​လေး​တွေပဲ​ကျွေး​နော်... တစ်ခုခုထူးထူးခြားခြားဖြစ်ရင်​တော့ ​ဆေးခန်းကို ​ခေါ်ခဲ့လိုက်..."

𝗕𝗲 𝗠𝗶𝗻𝗲 (U/Z)Where stories live. Discover now