Ep 10

113 14 7
                                    

Uni....

"အ​ဒေါ်ကြီး Sehunနဲ့ Baekhyunကို ထမင်းအတူလာစားဖို့ သွား​ခေါ်ခိုင်းလိုက်ပါ..."

"ဟုတ်ကဲ့..."

Kris ထမင်းစားပွဲ ထိပ်မှာ ဝင်ထိုင်ပြီး Sehunနဲ့ Baekhyunကိုပါ ထမင်းအတူစားဖို့ရာ သွား​ခေါ်ခိုင်းရန်​ အ​​ဒေါ်ကြီးကို ​ပြောလိုက်​တော့ အ​ဒေါ်ကြီးနဲ့အတူ ထမင်းဝိုင်းကူပြင်​နေ​သော ​ကောင်မ​​လေးကို အ​ဒေါ်ကြီးက​ပြောလိုက်ရာ ​အကူကောင်မ​လေးက ထမင်းစားခန်းထဲမှထွက်သွား​တော့သည်...

Haeraနဲ့ အရင်​ရောက်နှင့်​နေပြီးသားက​လေးငယ်က​တော့ Krisရဲ့ တစ်ဖက်စီမှာ ထိုင်​နေသည်...

"Boss ​ခေါ်တယ်ဆိုလို့..."

"​အေး ထမင်းအတူစားရ​အောင်လို့... နှစ်​ယောက်လုံး ထိုင်ကြ​လေ..."

Kris ​ပြောလိုက်​တော့ Baekhyunက က​လေးငယ်​ဘေးတွင်ဝင်ထိုင်ပြီး... Sehunက Haera​ဘေးတွင် ဝင်ထိုင်​လေသည်... သူတို့နှစ်​ယောက်က Krisအတွက်​တော့ မိသားစုဝင်​တွေလိုပဲမို့ ရရင်ရသလို Krisတို့နဲ့ ထမင်းအတူစား​စေသည်...

"စုံပြီဆို​တော့ စားကြမယ်​လေ... wow Haera နင်တကယ် ငါ့အကြိုက်​တွေချည်းပဲ ချက်ထားတာပါလား..."

စားပွဲ​ပေါ်ရှိ စားချင်စားဖွယ် ဟင်းခွက်တို့ကိုကြည့်ပြီး Kris​ပြောလိုက်သည်...

ဆရာဝန်လည်းဖြစ် အိမ်မှုကိစ္စလည်း နိုင်နင်း​​သော Haeraကို လက်လွှတ်လိုက်ရတာ တကယ်ဆို နှ​မြောဖို့​ကောင်းသည်...

ဘယ်တက်နိုင်မလဲ... သူ့မှာ ချစ်ရတဲ့သူရှိတယ်ဆို​တော့လည်း...

"Krisထည့်စား​နော်..."

Haeraက Kris ပန်းကန်ထဲ ဟင်းတို့ခပ်​ပေးသည်...

"Chan​လေးလည်း စား​နော်... Sehunနဲ့ Baekhyunတို့လည်း အားမနာနဲ့ စားကြ​နော်..."

"ကျွန်​တော့်အတွက် တခြားမလုပ်​ပေးထားဘူးလား Kris..."

က​လေးငယ်စကား​ကြောင့် Kris စား​နေရင်းမှ ရပ်ကာ က​လေးငယ်ကို ကြည့်လိုက်သည်...

"ဘာလို့လဲ က​လေးငယ်...."

"ကျွန်​တော် ဒါ​တွေမစားချင်လို့..."

𝗕𝗲 𝗠𝗶𝗻𝗲 (U/Z)Where stories live. Discover now