Uni♡
"Kris အလုပ်ဆင်းချိန်ရောက်ပြီနော်..."
အသံပေးခြင်းမရှိပဲ ရုံးခန်းထဲရောက်လာပြီးမှ အလုပ်ဆင်းချိန်ရောက်ပြီဖြစ်ကြောင်း ပြောလာသော ကောင်လေးကို Kris အလုပ်လုပ်နေရာမှ တစ်ချက်မော့ကြည့်လိုက်သည်...
"ဒါလေး လက်စသတ်ပြီး နာရီဝက်လောက်ဆိုပြီးပြီ ကလေးငယ်..."
"မရဘူး Kris... ခုချက်ချင်းထားလိုက်တော့... လူက ခုမှနေကောင်းခါစကို..."
လုပ်နေသော စာရင်းတွေကို ဆတ်ခနဲဆွဲယူကာ Krisကို ပြောလာတဲ့ကောင်လေးက Krisကို တစ်ယောက်တည်း အလုပ်ပေးမလုပ်လို၍ ခုဆို သူပါ Krisနဲ့အတူ အလုပ်ဆင်းလေရဲ့...
"Kris ထတော့ဆို..."
စားပွဲပေါ်ရှိစာရွက်စာတမ်းတို့ကို သူ့ဟာသူဆွဲယူသိမ်းဆည်းပြီးနောက် Krisကိုပါ ဆွဲထူကာ ရပ်စေတာမို့ Krisလည်း အလျှော့ပေးလိုက်ရတော့သည်...
အရင်လို ခပ်စိမ်းစိမ်းနေတာထက်စာရင် ဒီလိုပုံစံလေးကိုပဲ Kris ပိုသဘောကျမိသည်မို့ ကလေးငယ်ပြောသမျှလက်ခံခေါင်းညိတ်မိသည်မှာအကြိမ်ကြိမ်...
"ဟုတ်ပြီ ဟုတ်ပြီ သွားကြမယ်..."
အလုပ်အသွားအပြန် ကလေးငယ်နဲ့အတူရှိနေတာကလည်း Krisအတွက်အဖော်ရနေသည်...
"Kris စကားပြောလို့ရမလား..."
Krisရှိနေသော စာဖတ်ခန်းသို့ရောက်လာပြီး ခွင့်တောင်းဟန်ပြောလာသော ကလေးငယ်ကို Kris ခေါင်းညိတ်ပြရင်း စာဖတ်စားပွဲရှေ့က ဆက်တီခုံတွင်ဝင်ထိုင်လိုက်တော့ ကလေးငယ်ကလည်း Krisနဲ့ မျက်နှာခြင်းဆိုင်တွင် ဝင်ထိုင်လာသည်...
"အလုပ်ကိစ္စလား ကလေးငယ်..."
"မဟုတ်ဘူး... တခြားကိစ္စ..."
"ဟုတ်လား... ကဲပြောပါဦး ဘာအကြောင်းလဲ..."
"Kris..."
ပြောရန်လုပ်ပြီးမှ ပြောဖို့အခက်တွေ့နေပုံရသောကြောင့် ကလေးငယ် ပြဿနာဖြစ်ပြန်ပြီလားဟု စိုးရိမ်မိသွားသည်...
ပြီးမှပြန်တွေးမိသည်က တစ်နေကုန် အလုပ်မှာပဲရှိနေသော ကလေးငယ်က ပြဿနာဖြစ်သည်ကတော့ မဖြစ်နိုင်ပေ....