Uni...
"Boss နားပါဦးလား... ဒီလိုနဲ့ ကျန်းမာရေးထိခိုက်ဦးမယ်နော်..."
ဘေးနားကနေ ဒီစကားကိုသာ တတွတ်တွတ်ရွတ်နေသော Sehunကို 'ငါ့ကိုယ်ငါ သိပါတယ်'ဟုပြောကာ Kris အလုပ်တွေကို ဆက်လုပ်နေလိုက်သည်...
ကလေးငယ် နေမကောင်းတိုင်း Sehunနဲ့လွှဲထားခဲ့ရတဲ့အလုပ်တွေကို Kris အသေးစိတ်ပြန်လုပ်နေရခြင်းဖြစ်သည်...
Sehunက လိုအပ်တာမရှိ ပြီးပြည့်စုံအောင် လုပ်ပေးထားမှန်းသိပေမယ့်လည်း တစ်ချက်လေးမှားတာနဲ့ ထိခိုက်မှာက ဒီကုမ္ပဏီရဲ့ အနာဂတ်ပိုင်ရှင်လေးဖြစ်တာကြောင့် Krisမှာ ပျက်ကွက်ထားသမျှအလုပ်တွေကို အသေးစိတ်ပြန်လုပ်နေရခြင်းဖြစ်သည်...
Bossတစ်ယောက် အလုပ်ပျက်ထားတုန်းက လုပ်စရာတွေအကုန်လုံးကို နေ့မနား ညမနားလုပ်နေသည်မှာ သုံးရက်ဆက်တိုက်ရှိပြီဖြစ်သည်... နေ့လယ်စာတောင် ဖြစ်ဖြစ်မြောက်မြောက်မဟုတ်ပဲ အမြန်ရတဲ့အသင့်စားတွေကိုသာ အလုပ်လုပ်နေရင်းစားတာ...
အလုပ်မှာမပြီးလျှင် အိမ်သို့သယ်ကာ ဆက်လုပ်သည်... အိပ်ရော အိပ်ရဲ့လားမသိပေမယ့် bossမျက်တွင်းတွေကျနေသည်ကို သတိထားမိတော့ နားဖို့ပြောပေမယ့်လည်း အချည်းနှီးသာ...
"Boss နားဦးဗျာ... မနားရင် လဲတော့မှာ သိရဲ့လား..."
"ငါသိတယ် Sehunရာ... လာမယ့်အပတ်မှာ ပရော့ဂျက်အသစ်ကစတော့မှာဆိုတော့ အဲ့ဒါအမီ ငါ အမြန်လုပ်မှဖြစ်မှာ... ဒီကြားထဲ ကလေးငယ်က တစ်ခုခုဆို ငါ အလုပ်ကထပ်ပျက်ရင် အကုန်နှောင့်နှေးကုန်မှာ..."
အလုပ်မပျက် Sehunကို ပြန်ဖြေသော bossကို ပြောမနိုင်တော့တာကြောင့် လက်လျှော့လိုက်တော့သည်...
Boss ဘာလုပ်လုပ် ဦးတည်ရာသည် အစ်ကိုလေးသာဖြစ်သည်... bossမှာ သူ့အတွက်သူရော စဥ်းစားသေးရဲ့လားမသိ...
"ကျွန်တော် ဘာကူပေးရမလဲ..."
"ပွစိပွစိလုပ်မနေပဲ ပါးစပ်လေးသာ ပိတ်ထားပေး... အဲ့ဒါ ကူညီတာပဲ..."
ဪ!... စေတနာနဲ့ သတိပေးတာကို ပွစိပွစိလုပ်နေတဲ့လား... bossက စေတနာနဲ့ မတန်ဘူး...