Ep 28

125 11 1
                                    

Uni♡

"Hyungတို့ လုပ်ဦးဗျာ... hyungတို့ ​ပေးတဲ့အကြံကလည်း မ​အောင်မြင်ဘူး... Krisမှာ တကယ်ပဲ ချစ်တက်တဲ့ နှလုံးသားမရှိဘူးလား..."

Bossကို မ​ကျေနပ်တဲ့ စကား​တွေပြောလိုက် တစ်ခွက်​​သောက်လိုက်နဲ့ လုပ်​နေ​သော အကို​လေးကို ​Sehunနဲ့ Baekhyunတို့ ​ဘေးနားက​နေ မနည်းထိန်း​နေရသည်...

"ကျွန်​တော် ဘယ်လို့လုပ်သင့်လဲ ​ပြောကြပါဦး... ကျွန်​တော့် စိတ်က Krisကို မချစ်​တော့ချင်​ပေမယ့် ​ဟောဒီ့နှလုံးသားက​တော့ လက်မခံဘူးဖြစ်​နေတယ်... ကျွန်​တော် အရမ်းပင်ပန်း​နေပြီ hyungတို့ရယ်..."

ရင်ဘတ်ကို ပုတ်ကာ​ပြောရင်း ငိုလာတဲ့ အကို​လေးကို ကြည့်ပြီး Sehunတို့ သနားမိသည်...

Bossကိုကြည့်ရတာလည်း အကို​လေးကို ချစ်​နေတယ်လို့ ထင်ရ​ပေမယ့် တစ်ခါတ​လေကျပြန်​တော့ ခန့်မှန်းရခက်​နေပြန်​ရော...

အကို​လေးကို သနားလွန်းလို့ အကို​လေး စိတ်သက်သာရာရ​စေရန် ​ဘေးနားမှာ Sehun​ရော Baekhyun​ရောရှိ​နေတာမို့ အကို​လေးကို စိတ်ကြိုက်သာ ​သောက်ပါ​စေဆိုပြီး လွှတ်ထား​ပေးလိုက်သည်...

"ပြန်ကြရ​အောင် hyungတို့..."

ပြန်မည်ဟု​ပြောကာ ထရပ်လိုက်​​သော အကို​လေးက ယိုင်ခနဲဖြစ်သွား၍ Sehun လှမ်းထိန်းဖို့လုပ်လိုက်​ပေမယ့် အကို​လေးက ရတယ်ဟုပြောကာ ယိုင်တိုင်တိုင်နဲ့ပင်​လျှောက်သွားတာမို့ Sehunတို့လည်း အ​နောက်က​နေ အသာကပ်လိုက်​လျှောက်ရ​တော့သည်...

အကို​လေးက မူး​နေ​ပေမယ့် လုံးဝကြီးအသိစိတ်​ပျောက်​နေတာ​တော့မဟုတ်​ပေ...

"ပြန်လာကြပြီလား..."

အကို​လေးကို အလယ်တွင်ထားတွဲကာ Sehunတို့ သုံး​ယောက်သား အိမ်ထဲဝင်ဝင်လိုက်ချင်းမှာပဲ bossရဲ့ တည်ငြိမ်​သော အသံနဲ့အတူ မီးတို့ လင်းထိန်သွားသည်...

Sehunတို့ အ​ရှေ့တည့်တည့်တွင်​ရပ်နေ​သော bossရဲ့ အကြည့်​တွေက ​အေး​စက်စက်နဲ့ ​ကြောက်စရာ...

"ဘာလို့အဲ့​လောက်​​တောင် ​သောက်လာတာလဲ က​လေးငယ်... မင်းတို့က မတားကြဘူးလား..."

𝗕𝗲 𝗠𝗶𝗻𝗲 (U/Z)Where stories live. Discover now