Uni...
"boss ကျွန်တော် ဒီနေ့ကစပြီး ဒီမှာနေတော့မယ်..."
မနက်စာစားနေတဲ့ Krisအရှေ့ အထုပ်တစ်ထုပ်ကို ဘုတ်ခနဲချကာ ဆိုလာသည့် Sehunကြောင့် Krisမှာ ကော်ဖီသောက်လက်စတောင် သီးတော့မလို့ဖြစ်သွားရသည်...
"မနက်စောစော ဘာဖြစ်လာပြန်ရတာလဲ Sehun..."
"ကျွန်တော် ဒီမှာနေမလို့ပါဆို... အလုပ်ရှိလို့နောက်ကျတဲ့ရက်တွေမှာ ကျွန်တော် အိပ်နေကျအခန်းရှိတယ်မလား အဲ့အခန်းမှာပဲ နေလိုက်တော့မယ်နော် boss..."
ပြောပြောဆိုဆိုနဲ့ပဲ သူ့အထုပ်သူဆွဲကာ ပြန်ထွက်သွားသော Sehunကို Kris ဘာမှပြန်ပြောချိန်မရလိုက်...
ဘာတွေဖြစ်ကုန်တာလဲ... တစ်ယောက်တည်းနေသော Sehunကို Krisတို့နဲ့အတူနေဖို့ အကြိမ်ကြိမ်ခေါ်ဖူးခဲ့ပေမယ့်...
*bossနဲ့တော့ တစ်အိမ်ထဲအတူမနေချင်ပါဘူး... အတူနေရင် အလုပ်တွေက နှစ်ဆလောက်ပိုလုပ်နေရမယ် မနေဘူး...*ဆိုပြီး ငြင်းခဲ့သူက အခုတော့ မနက်စောစောရောက်လာပြီး Kris အိမ်မှာပဲ တစ်သက်လုံး နေတော့မည်သူလို မှိုရတဲ့မျက်နှာမျိုးနဲ့ ပြောလာသည်က Sehun တစ်ယောက် ဆေးစားများမှားမိလေသလားဟု Kris တွေးလိုက်မိသည်...
"Sehun..."
"လာပါပြီ boss..."
Kris ဧည့်ခန်းထဲကနေလှမ်းအော်လိုက်တော့ အလုပ်တွေများပြီး ပြန်ဖို့နောက်ကျတဲ့နေ့တွေဆို Sehun အိပ်လို့ရအောင်ဆိုပြီး ပေးထားသော အခန်းထဲကနေ Sehunထွက်လာကာ Kris အနားသို့ရောက်လာသည်...
"ဒီနေ့ အရေးတကြီး လုပ်စရာ ဘာရှိလဲ..."
"ဒီနေ့ကတော့ ဘာမှမရှိပါဘူး... မနက်ဖြန်မှသာ ဝန်ထမ်းအသစ်တွေ ခန့်အပ်ဖို့အတွက် meetingရှိတာပါ..."
"ကောင်းပြီလေ... ဒါဆို ငါ ဒီနေ့ ကုမ္ပဏီမသွားတော့ဘူး..."
"ဒါဆို ကျွန်တော်ကရော..."
"မင်းကတော့ သွားရမှာပေါ့..."
Krisကို ဝမ်းသာအားရနဲ့ မေးလာတဲ့ Sehunမျက်နှာက သူ့ကို သွားရမှာလို့လည်းဖြေလိုက်ရော ချက်ချင်းကို မဲ့ကျသွားသည်...
![](https://img.wattpad.com/cover/245146080-288-k749180.jpg)