*Boss အကို​လေးကို ​တွေ့ပါပြီ...*တဲ့​လေ...

"Boss ​ည​နေသုံး​နာရီမှာ မမ​လေးHaeraနဲ့ ​တွေ့ဖို့ရှိတယ်​နော်..."

အစည်း​ဝေးခန်းထဲကအထွက် Sehunရဲ့ အသိစကား​ကြောင့် Kris ​ခေါင်းတစ်ချက် ငြိမ့်ပြပြီး လက်မှာပတ်ထားတဲ့ နာရီကိုကြည့်လိုက်သည်...

"Sehun အဲ့မတိုင်ခင် ဘာ​တွေလုပ်ဖို့ရှိလဲ..."

"မရှိပါဘူး Boss..."

"Ok အဲ့ဒါဆို ငါ အိမ်ပြန်ဦးမယ်... Haeraဆီကိုလည်း ငါ အိမ်က​နေပဲသွားလိုက်မယ်... တစ်ခုခု ထူးရင်​တော့ ဖုန်းဆက်လိုက်...."

"ဟုတ်ကဲ့ပါ Boss..."

Sehunရဲ့ ဟုတ်ကဲ့*ဆိုတဲ့ နာခံသည့် စကားတစ်ခွန်းက Krisဘာမှ ထပ်​ပြောစရာမလို​​လောက်​အောင် အကုန်အဆင်သင့်ဖြစ်​နေရမည်ဆိုသည့် အဓိပ္ပါယ်​တွေပါပါဝင်သည်...

Krisလည်း ရုံးခန်းထဲဝင်ကာ လိုအပ်တာ​တွေပြန်ယူပြီး ထွက်လာ​တော့ Sehunက အလုပ်စားပွဲက​နေ ထရပ်ကာ...

"Boss ကားအဆင်သင့်ဖြစ်​နေပါပြီ...."

Sehunကို သိပြီဖြစ်​ကြောင်း ​ခေါင်းဆတ်ပြပြီး ထွက်လာခဲ့လိုက်သည်...

Sehunတစ်​ယောက် ထွက်သွား​​သော Bossကို ကြည့်ရင်း မိမိ​နေရာတွင်ပြန်ထိုင်လိုက်သည်...

Kris....

ကိုရီးယားနိုင်ငံရဲ့ ​တော့ပ်သရီးဝင်သည့် လုပ်ငန်းစုတစ်ခုဖြစ်တဲ့ Y Groupရဲ့ ဥက္ကဠ Krisဆိုရင် မသိတဲ့သူမရှိ​ပေ...

အသက်၂၈နှစ်သာ​ရှိ​သေး​ပေမယ့် စီပွား​ရေးလုပ်ရာတွင်လည်း တိကျပြတ်သားလွန်းပြီး ဘယ်သူ့မျက်နှာမှ မ​ထောက်တက်​တဲ့သူ...

ရုပ်​ချောသ​လောက် အသက်လည်းငယ် စီးပွား​ရေးလည်းတော်တဲ့ CEO Krisကို သူတို့ရဲ့ သားသမီး​တွေနဲ့ ​နေရာချထား​ပေးချင်တဲ့ လုပ်ငန်းရှင်​တွေ များစွာရှိ​နေသည်...

သို့​ပေမယ့် ​Krisမှာ Yoo Haeraဆိုသည့် ဆရာဝန်သတို့သမီး​လောင်း​လေးက ရှိ​နေသည်​ကြောင့် ဘယ်သူမှ ​ရှေ့ဆက်မတိုးနိုင်ကြ​တော့​ပေ...

အရာရာပြီးပြည့်စုံ​နေတဲ့ Krisတွင် စိတ်ပင်ပန်းစရာ​တွေ များစွာရှိ​နေမယ်လို့ ဘယ်သူကထင်မှာလဲ...

𝗕𝗲 𝗠𝗶𝗻𝗲 (U/Z)Where stories live. Discover now