အတန်ကြာ စာအုပ်ထုတ်ပီး Note တစ်ချိူ ့ပြန်
ကြည့်တော့မှ၊ အတန်းထဲကို ခြေသံကျယ်ကျယ်ဝင်လာတယ့်လူတစ်ယောက်၊ ရှင်းရှင်းပြောရင်သူဆီကို လာနေတယ့်လူတစ်ယောက်။

" ရီပေါ် ၊ ရီပေါ် ဟုတ်တယ်မလား "

အတန်းထဲကို အားကစားတုတ်တံကြီးကိုင်လာပီး ရီပေါ် ရှိရာ နေရာကို လာနေသည့် ဝမ်ဟောက်ရွှမ်း။

" ဟောက်ရွှမ်းလား "

ဝမ် ပါးပါးရဲ ့ညီအငယ်ဆုံး ဖြစ်တယ့်ဝမ်လျိူဟန် မှာမွေးလာတယ့် ဝမ်ဟောက်ရွှမ်းက ရီပေါ် ထက် ၁နှစ်ငယ်တယ်။

အပေါင်းအသင်းတွေ အများအပြားမရှိတယ် ့ ရီပေါ် က နိုင်ငံခြားမသွားခင်အထိ
ဟောက်ရွမ်း နဲ့ အမြဲလိုလို အတူ သွားလာနေတတ်တယ်။

" မင်းကွာ ၊ ပြန်ရောက်နေလည်း မပြောဘူး၊ ဘာလည်း ဒီတစ်ခေါက်ကော ပြောင်းလာရပြန်ပီလား "

သူမိဘတွေ အကြောင်းနောကြေနေတယ့်ဟောက်ရွှမ်းကြောင့် ရီပေါ် အနည်းငယ်သာ ပြုံးပြလိုက်သည်၊ ဒီအကြောင်းတွေတကယ်စိတ်ပျက်လာပီလေ။

" Anyway ၊ တရုတ်ကို ပြန်လာတာ Congrazs ကွာ မင်းလည်း ကိုယ့်ပိုင် လွတ်လပ်ခွင့်လေးရှာအုန်း ၊ အမြဲ ဒီလိုပဲ မနေတော့နဲ ့"

အကြီးကိုဆရာလုပ်ကာ ပြောင်စပ်စပ်မျက်နှာနဲ ့
စကားတွေကို တရစပ်ပြောသွားတယ့်ဟောက်ရွှမ်းက ၊ ရီပေါ် ဘေးကို ခုံလေးဆွဲကာ Tutor ဝင်လာတာကြောင့် အလျင်အမြန်လာထိုင်တယ်။

Tutor လေးဆိုနိုင်မည့် အတန်းထဲကို ဝင်လာတယ့် ခပ်ချောချော ကျောင်းဆရာကြောင့် ကျောင်းသူလေးတွေက အလန့်တကြားထအော်တယ်။

ကျောင်းသူတို့တွေရဲ ့အော်သံကြောင့် ပြတင်းပေါက်ဘက် ကို ခုံတိုးနေတယ့် ရီပေါ် က အရှေ့ဘက်ကို ကြည့်လိုက်တော့သူတို့ အတန်းခုံဘက် ကိုတန်းတန်းမတ်မတ်လျှောက်လာတယ့် Tutor တစ်ယောက်။

အနက်ရောက် suits အပြည့်နဲ့ ဆံပင်ကိုနောက်ပြန် လှန်ဖီးထားကာ ကြည့်ကောင်းလှတယ့်ထိုလူက ရီပေါ် ရှေ ့မှာ မတ်တပ်ရပ်လာတယ်။

စူးရှလှတယ့်မျက်ဝန်းတွေနဲ့အတူ နှုတ်ခမ်းအောက်က မှည့်တစ်ချိူ ့နဲ့ ထိုလူက အပြုံးတစ်ခုကို ဆင်မြန်းကာ ရီပေါ် လက်ထဲကို နားကျပ်လေး တစ်စုံ
ထည့် တစ်စုံထည့်ပေးသွားတယ်။

Daddy's Laowangحيث تعيش القصص. اكتشف الآن