Chapter - 100 (Ending)

37.5K 4.5K 446
                                    

[Unicode]

ဟွားဝူချင် စိတ်ဆိုးကာ ဖုန်ဟွေ့၏ နန်းဆောင်မှ ထွက်လာသည်မှာ ရက်သတ္တပတ်တစ်ပတ်ပင် ရှိရော့မည်။ ထိုအတောအတွင်း သူသည် ဖုန်ဟွေ့ကို လူကိုယ်တိုင် မတွေ့ရသည့်အပြင် သတင်းစကားလည်း မကြားရချေ။

လွမ်းဆွတ်သတိရမှုတို့ကြောင့် မွန်းကျပ်ကာ နေသော်လည်း နန်းဆောင်အပြင်သို့ လှမ်းကာ ဖုန်ဟွေ့ဆီ သွားမည်ကြံတိုင်း ဖုန်ဟွေ့က သူ့ကို အလိုမရှိဟုသော အတွေးများက ပေါ်လာကာ သူ့ကို နှိပ်စက်နေသည်။

ဟွားဝူချင်သည် တွေးရင်း စိတ်ထိခိုက်လာကာ မျက်ရည်စတို့ ရစ်ဝဲလာရပြန်သည်။ သူသည် ထိုမျှ စိတ်နုသူမဟုတ်သည့်တိုင်အောင် မိမိ၏ နှလုံးသားတစ်ခုလုံးနှင့် ရင်းကာ ချစ်ရသူက မိမိကို ရှောင်ဖယ်နေသည်မှာ သူမည်သို့စိတ်ဖြင့် ခံနိုင်ရည်ရှိပါမည်နည်း။

ဖုန်ဟွေ့အား စိတ်လိုလက်ရ ကုပ်ဆွဲကာ မင်းငါ့ကိုပစ်ထားရလားဟု ဆူပူချင်သည်။ ထိုသို့ ရန်တွေ့ရအောင်ကလည်း ဖုန်ဟွေ့က သူ့ဆီပင် မလာချေ။

အတွေးများက ဖိစီးနေသည်ဖြစ်ရာ ဟွားဝူချင် တစ်နေ့လုံး အိပ်ရာ၌ ခွေကာလှဲနေသည်။ သူ သည်အတိုင်း ဖြစ်နေသည်မှာ ဘယ်နှစ်ရက်ရှိပြီမှန်း မသိတော့။ ခန္ဓာကိုယ်ထက် နှလုံးသားက နာကျင်နေသည်ဖြစ်ရာ မည်သို့မှ မနေသာချေ။

တစ်ခါတစ်ရံတွေးရင်း ဖုန်ဟွေ့ကို စိတ်ဆိုးလာသည်။ ဒေါသထွက်ကာ ရန်ရှာပစ်ချင်သည်။

တစ်ခါတစ်ရံတွင်လည်း သူ၏ နဂိုမူလစိတ်ကိုက နူးညံ့နေသည်ဖြစ်ရာ စိမ်းကားနေသော ဖုန်ဟွေ့ကို အပြစ်မမြင်ဘဲ သည်အတိုင်း မဆင်မခြင်သွားမိသော သူ့ကိုယ်သူသာ အပြစ်တင်နေမိသည်။

တစ်ခါတစ်ရံတွင်လည်း တစ်ယောက်ထဲတွေးရင်း ဝမ်းနည်း​နေတတ်ပြန်သည်။ အကယ်၍ ဒေါသ နှင့် မာနတို့ကိုသာ ဖယ်ရှားလိုက်လျှင် သူသည် ချစ်ရသူကို လွမ်းဆွတ်ကာနေသူ သပ်သပ်သာ။

ယခုလည်း အတွေးဂယက်၌ နစ်မွန်းရင်း စိတ်တို့မွန်းကျပ်ကာ ဝမ်းနည်းလာရပြန်သည်။

"မင်းတကယ်နေနိုင်တယ်''

ဟွားဝူချင် စိတ်မသက်သာစွာ ရေရွတ်သည်။ အလွမ်းဓာတ်တို့က ခါးသက်သော အရသာရှိမှန်း သူအခုမှ သိသည်။

Legendary Phoenix [Complete]Where stories live. Discover now