Chapter 66

28.7K 4.2K 198
                                    

Unicode

စီဝမ်ရှစ်ကျယ်ယဲ့မိန်သည် မိစ္ဆာလောကကို အပိုင်ကြီးစိုးနိုင်ရန် ကြံရွယ်ထားသည့် သူမ၏ အိပ်မက်တို့ကို မည်သည့်အခါကမှ လက်မလျှော့ခဲ့ချေ။ သူမသည် အဲ့မုန့်ကျီးရှန်းနှင့် တွေ့ဆုံပြီးနောက်တွင် အဲ့မုန့်ကျီးရှန်း၏ လွှမ်းမိုးမှုကို ခံလိုက်ရချေသည်။

အဲ့မုန့်ကျီးရှန်ကမူ ယဲ့မိန်ကို ပမွှားမိစ္ဆာတစ်ယောက်သာသာ မြင်၍ သူမ၏ အစွမ်းအစကို လျှော့တွက်ထားလေသည်။ ထိုအချက်ကလည်း ယဲ့မိန်၏ မာနကို ထိခိုက်စေသည်။ သို့ကြောင့် သူမသည် အဲ့မုန့်ကျီးရှန်းကို မလွန်ဆန်ဟန်နိုင်ဆောင်၍ တစ်ဖက်ကလည်း အဲ့မုန့်ကျီးရှန်း၏ အားနည်းချက်ကို သိရှိရန် ကြိုးပမ်းလေသည်။

သူမသိရှိထားသည်က အဲ့မုန့်ကျီးရှန်း၏ လောကကို အပိုင်စိုးရန် အစီအစဥ်သည် အောင်မြင်လုနီးနီးဖြစ်ခဲ့သည်ဆိုသည်ပင်။ ဝိညာဥ်မဲ့နန်းတော်ကြီးသည် သက်ရှိတို့အားလုံး၏ အသက်ဇီဝိန်ကိုချုပ်တီးပေးရာ သုသာန်တစပြင်ကြီး ဖြစ်ခဲ့သည်။ ထိုအချိန်တွင် ကောင်းကင်ဘုံဧကရာဇ်က အဲ့မုန့်ကျီးရှန်းကို အနိုင်ယူခဲ့ပြီး လောကကို ကယ်တင်ခဲ့လေသည်။ ထိုတိုက်ပွဲ၌ အဲ့မုန့်ကျီးရှန်းသည် ဒဏ်ရာအကြီးအကျယ်ရရှိ၍ မျောလွင့် ဝိညာဥ်အဖြစ် ပုံရိပ်ယောင်ကမ္ဘာထဲရောက်သွားလေသည်။

ပုံရိပ်ယောင်ကမ္ဘာမှ အဲ့မုန့်ကျီးရှန်း ပြန်မထွက်လာနိုင်သည်ကို သိသောကြောင့် ယဲ့မိန်သည် မိစ္ဆာလောကတွင် ဆက်လက်နေထိုင်နိုင်ခြင်း ဖြစ်သည်။ အကယ်၍ အဲ့မုန့်ကျီးရှန်းသာ ပြင်ပလောကသို့ ရောက်ရှိလာခဲ့ပါက မိစ္ဆါလောက၏ နံပါတ်တစ်နေရာသည် အငြင်းပွားဖွယ်မရှိတော့ချေ။

အိပ်မက်နတ်ဘုရားနှင့် အဲ့မုန့်ကျီးရှန်းသည် မည်သို့သောပတ်သက်မှုမျိုး ရှိနေသည်ဆိုသည်က ယဲ့မိန်အတွက် အဖြေမရသော ပဟေဠိပင်။ အဲ့မုန့်ကျီးရှန်း၏ ဟွားဝူချင်အပေါ် သာမန်ထက်လွန်ကဲသော ခံစားချက်များသည် သိသာထင်ရှားလှသည်။

ယဲ့မိန်တစ်ယောက် သဘောကျစွာ ပြုံးမိသွားသည်။

နောက်ဆုံး၌ သူမဆီ၌ ဝှက်ဖဲတစ်ချပ် ရောက်လာခဲ့ပေသည်။ အဲ့မုန့်ကျီးရှန်း၏ အားနည်းချက်သည် အိပ်မက်နတ်ဘုရား ဟွားဝူချင်ပင်ဖြစ်သည်။

Legendary Phoenix [Complete]Where stories live. Discover now