Chapter 39

33K 5.1K 263
                                    

Unicode

"ဝူချင်... ဝူချင်...''

ဟွားဝူချင်သည် မနက်စောစော တရားထိုင်နေခိုက် သူ၏ နားထဲတွင် တစ်စုံတစ်ယောက်၏ ခေါ်ဝေါ်သံကို ကြားလိုက်ရသည်။

သူ၏ နန်းဆောင်ရှေ့က ပုံရိပ်များကိုဖော်ပြပေးနိုင်သည့် ကြည့်မှန်ပြင်က အသံလာနေခြင်း ဖြစ်သည်။ ခေါ်ဝေါ်နေသူကတော့ နှစ်ယောက်မရှိပေ။ ဇာမဏီနတ်ဘုရားဖုန်ဟွေ့ဖြစ်သည်။

ဖုန်ဟွေ့နှင့် ဟွားဝူချင် မတွေ့ရသည်မှာ ရက်ပိုင်းခန့်ရှိပြီ ဖြစ်သည်။ ဟွားဝူချင်က ဖုန်ဟွေ့ကို သူ၏ နန်းဆောင်သို့ ခဏခဏမလာရန်တားမြစ်ထားခြင်းကြောင့် ဖြစ်သည်။

ထို့အပြင် ဖုန်ဟွေ့သည် အခုတလော ကိစ္စတစ်ခုဖြင့် အလုပ်များနေသည်။ မည်သည့်ကိစ္စဟု ဟွားဝူချင် အတပ်မသိပေ။

ဟွားဝူချင်က တရားထိုင်နေရာမှထလိုက်ပြီး နန်းဆောင်က တံခါးကို ဖွင့်ရန်သွားလိုက်သည်။

ကျွီခနဲပွင့်သွားသောတံခါးမကြီးနှင့်အတူ ပေါ်လာသော ငွေဖြူရောင်ဆံနွယ်လေး၏ ပုံရိပ်ကြောင့် ဖုန်ဟွေ့နှစ်ခြိုက်စွာပြုံးမိသွားသည်။

"ဖုန်ဟွေ့....''
ဟွားဝူချင်က တံခါးကို ဖွင့်ပေးလိုက်သည်။

"မင်းဘယ်လိုလုပ်ပြီး ရောက်လာတာလဲ...''

ဖုန်ဟွေ့က ပြန်မဖြေသေးပဲ နန်းဆောင်အတွင်းသို့ ဝင်ကာ တံခါးကိုပိတ်လိုက်သည်။

"ဖုန်ဟွေ့''

ဟွားဝူချင်က ထပ်ခေါ်ကာ ပြောသည်။ သူ၏ မေးခွန်းကို ဖြေရန် တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။

ဖုန်ဟွေ့၏ မျက်နှာက ညိုးနွမ်းသွားကာ အကြည့်တို့က မြေပြင်သို့လွှဲသွားသည်။

ဟွားဝူချင်က ရင်ထိတ်စွာဖြင့် မေးလိုက်သည်။

"တစ်ခုခုဖြစ်လို့လား...''

ဖုန်ဟွေ့က ခေါင်းညိတ်ပြသည်။

"နာလို့...''

ဟွားဝူချင်၏ မျက်ခုံးအစုံပင့်တက်သွားသည်။ သူက သံယောင်လိုက်ပြောသည်။

"နာလို့...''

သူ၏ ရှည်လျားဖြူဖွေးသော လက်ချောင်းလေးများက ဖုန်ဟွေ့ကိုယ်ပေါ် စမ်းသည့်နှယ် အပြေးအလွှားရောက်လာသည်။

Legendary Phoenix [Complete]Where stories live. Discover now