Chapter - 16

33.2K 5.2K 239
                                    

Unicode

(Update ကနှစ်ပတ်ကျော်လောက်ကြာသွားလို့ my apology ပါ။ The True Conquerorကို wedding scene လေးပဲ ပြီးအောင်ရေးမယ်ဆိုပြီး wedding sceneကိုကရှစ်ပိုင်းလောက်ရှိသွားတယ်။ စောင့်နေပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်❤)

ဟွားဝူချင်သည် နိုးလာသောအခါ အိပ်ယာမှ ဖြေးညင်းစွာ ထလိုက်သည်။ဘေးဘီကို ဝေ့ဝဲကြည့်ရာ ခုံတစ်ခုံ​တွင် ထိုင်နေပြီး အခြားခုံ၌ ခြေထောက်တင်ထားကာ သူ့ကို လက်ပိုက်ပြီး ကြည့်နေသော ဖုန်ဟွေ့ကို တွေ့လိုက်ရသည်။

ဖုန်ဟွေ့၏ အကြည့်စူးရှရှတို့က သူ၏ တစ်ကိုယ်လုံး ဖြန့်ကြက် ကျရောက်နေရာ ဟွားဝူချင် မလုံမလဲ ဖြစ်သွားသည်။

မဟုတ်မှလွဲရော ဖုန်​ဟွေ့က တစ်ညလုံး သူ့ကို သည်လို ထိုင်ကြည့်နေတာလား။

"နိုးပြီလား...ဝူချင်''

ဖုန်ဟွေ့က ပြုံးပြီး နှုတ်ဆက်သည်။ ချစ်စရာကောင်းသော သွားတက်လေးက လှစ်ခနဲပေါ်သွားသည်ကို ဟွားဝူချင်သတိပြုမိလိုက်သည်။

"အင်း...''

ဟွားဝူချင်က မတုန်မလှုပ်ဖြင့် ခေါင်းညိတ်ပြပြီး ဖုန်ဟွေ့ဘက်သို့ ငဲ့စောင်းကြည့်ကာ မေးလိုက်သည်။

"မင်းမအိပ်ဘူးလား...တစ်ညလုံး''

ဖုန်ဟွေ့က သူ၏ ခေါင်းကိုအသာယမ်းပြသည်။

"ကိုယ်က အိပ်စရာမလိုဘူး''

ဖုန်ဟွေ့၏ စကားကြောင့် ဟွားဝူချင်၏ ချောမောသော မျက်နှာတွင် ခန့်မှန်းရခက်သော အရိပ်တစ်ခု ဖြတ်သန်းသွားသည်။ သူတစ်စုံတစ်ရာကို တွေးမိသွားဟန်လည်းရှိသည်။

"မင်း မနေ့ညက တစ်ခုခုထူးဆန်းတာမတွေ့ဖူးမလား''

ဖုန်ဟွေ့က ဟွားဝူချင် မည်သည့်အဓိပ္ပါယ်ဖြင့် မေးသည်ကို မသိပါ။ သူကထပ်ပြီးခေါင်းယမ်းပြလိုက်သည်။

"ဟင့်အင်း...ကိုယ်ဘာမှမတွေ့ဘူး''

ထိုအခါမှ ဟွားဝူချင်၏ မျက်နှာတွင် စိတ်သက်သာရာရသွားသော အရိပ်အယောင်များ ပေါ်လာသည်။

သို့သော် ထိုအမူအရာသည် ဖုန်ဟွေ့၏ နောက်ဆက်တွဲစကားကြောင့် နေရောင်ကြောင့် ပျောက်ရှသွားရသည့် နှင်းစက်လေးလို ရုတ်ချည်း ပျောက်သွားသည်။

Legendary Phoenix [Complete]Where stories live. Discover now