Unicode
ဖုန်ဟွေ့က ဟွားဝူချင်၏ လက်ကိုဆွဲပြီး အနှီမိစ္ဆာမတစ်သိုက်ကို ချန်ထားကာ ထွက်လာလေသည်။
သူတို့လျှောက်လာစဥ်-
"ဖုန်ဟွေ့!''
ဖုန်ဟွေ့က အိပ်မက်နတ်ဘုရား၏ ခေါ်သံကြောင့် သူလှည့်ကြည့်သည်။ ဟွားဝူချင်က သူ့ကို တစ်နေရာဆီသို့ လက်ညှိုးထိုးပြနေခြင်း ဖြစ်သည်။
ထိုနေရာတွင် ဆယ့်သုံးနှစ်အရွယ်ကလေးတစ်ယောက်က သူတို့်နှစ်ယောက်ကို စိုက်ကြည့်နေလေသည်။ တစ်ချက်ကြည့်ရုံမျှဖြင့် ထိုကလေးသည် တစ္ဆေဝိညာဉ်ဝင်ပူးခြင်း ခံထားရမှန်းသိသာလေသည်။ သူ၏ မျက်လုံးတို့က ရေခဲတမျှအေးစက်ပြီး အသက်ဝိညာဉ်မဲ့သလို မျက်ဆံတို့က ရွေ့လျားခြင်း မရှိတော့ပါ။
ပွဲတော်ရက်ပြီးရန်နီးလေ တစ္ဆေမိစ္ဆာတို့က သောင်းကျန်းလေ ဖြစ်သည်။
"ကျွတ်စ်...''
ဖုန်ဟွေ့က စိတ်ပျက်သွားဟန်ဖြင့် စုပ်တစ်ချက် သပ်လိုက်သည်။
ဖုန်ဟွေ့သည် တစ်စုံတစ်ယောက်က သူ့ကို ပြဿနာလာရှာခြင်းကို အမှန်တကယ် မုန်းတီးလှသည်။ ရှာခြင်းရှာ သူကပဲ ပြဿနာကို ရှာမည်။ ပြဿနာက သူ့ကိုမရှာစေချင်ပါ။
ဖုန်ဟွေ့က ယပ်တောင်ကို ဝေ့ယမ်းကာ ချူသံတစ်ချွင်ချွင်ဖြင့် အနှီကလေးဆီ သွားအံ့ဆဲဆဲတွင် ဟွားဝူချင်က သူ့ကို လှမ်းဟန့်တားသည်။
"ခဏလေး....သူအန္တာရာယ်မပေးရင် ဘာမှမလုပ်နဲ့နော်။ ဝင်ပူးခံထားရတဲ့ကလေးရဲ့ အသက် ဝိညာဉ်လည်း ရှိသေးတယ်''
ဟွားဝူချင်က စိုးရိမ်ပူပန်သောလေသံ ဖြင့်မှာကြားသည်။
ဖုန်ဟွေ့က မဆိုင်းမတွ ခေါင်းငြိမ့်ပြသည်။ သူက ကောင်းကင်ဘုံနှင့်တကွ တစ်လောကလုံး၏ စကားကိုနားမထောင်သော်လည်း ဟွားဝူချင် ကတော့ ခြွင်းချက်ဖြစ်သည်။
ဖုန်ဟွေ့ဆီက သဘောတူညီချက်ရမှ ဟွားဝူချင်က ဖုန်ဟွေ့၏ နောက်က တိတ်တဆိတ်လိုက်လာသည်။
"အဟမ်း...မင်းက ဒီမှာဘာလုပ်တာလဲ''
ဝင်ပူးခံထားရသော ကလေးက ဖုန်ဟွေ့ကို ပြန်ကြည့်သည်။
YOU ARE READING
Legendary Phoenix [Complete]
FantasyTitle - Legendary Phoenix Book cover by Narcissus A beautiful romance story of God of Phoneix and extremely handsome God of Dreams ~♥~ Type- OWN CREATION, Chinese, Historical, BL, Romance, Fantasy Starting Date - 14 December 2019 (Both Zawgyi and U...