Unicode
ဖုန်ဟွေ့ အနောက်သို့ လှည့်မကြည့်မီ ဟွားဝူချင်ရောက်လာပြီဖြစ်ကြောင်း သိလိုက်သည်။
ဟွားဝူချင်သည် အနက်ရောင်ဝတ်ရုံရှည်၊ အနက်ရောင် ဆံနွယ်၊ အနက်ရောင်မျက်ဝန်းတို့နှင့် ဖြစ်နေရကာ တစ်ချိန်က သူချစ်မြတ်နိုးခဲ့ရသော ငွေဖြူရောင်ဆံနွယ်နှင့် နတ်ဘုရားလေး အသွင်နှင့် ကွဲလွဲနေချေသည်။
သို့သော် ချစ်ရသည့်စိတ်က ရင်နှင့်မဆံ့ ဖြစ်နေရသောကြောင့် ဟွားဝူချင်ကို တွေ့ချိန်၌ ဖုန်ဟွေ့သည် ကွဲလွဲမှုများကို အာရုံမထားဘဲ သူ၏ နှလုံးအိမ်ကို တစ်စုံတစ်ရာက ဖျစ်ညှစ်လိုက်သလိုသာ ခံစားရသည်။
ဟွားဝူချင်၏ လက်မောင်း၌ ပြင်းထန်စွာ ဒဏ်ရာရထားလေသည်။ သွေးတို့ ယိုစီးကျ၍ အသားတို့ မြင်မကောင်းအောင် ဖွာနေသည်။
မည်မျှနာကျင်နေရမည်ဆိုသည်ကို ဖုန်ဟွေ့ တွေးသာကြည့်နိုင်သည်။ ဒဏ်ရာရထားသည်က ဟွားဝူချင် ဖြစ်သော်လည်း မချိမဆန့် ခံစားနေရသူက သူပင်။
".....''
ဇာမဏီများသည် သခင်နှင့် စိတ်ချင်းဆက်နွှယ်နေသူများ ဖြစ်ရကား ဖုန်ဟွေ့ထံက ထိုအနက်ရောင်ဝတ်ရုံနှင့် လူကို အန္တာရာယ်ပြုမည့် အရိပ်အယောင်မတွေ့ရသောကြောင့် ငြိမ်သက်ကာနေသည်။
အစပထမ၌ ဟွားဝူချင်က ထိုနတ်ဘုရားကို တိုက်ခိုက်ရန် ကြံစည်ထားသော်လည်း သူ့ကို တွေ့လိုက်ရချိန်၌, အထူးသဖြင့် သူ၏ လက်မောင်းက ဒဏ်ရာကို သတိပြုမိချိန်၌ ထိုနတ်ဘုရားက နာကျင်သွားဟန် ပုံပေါက်သွားသောကြောင့် သူမတိုက်ခိုက်မိဘဲ တုံ့နေသည်။
တကယ်ပဲ မင်းဘယ်သူလဲ...
နှုတ်ခမ်းဖျားက ထုတ်ဖော်မပြောစေကာမူ ဟွားဝူချင်၏ မျက်ဝန်းများက ထိုသို့ မေးနေသယောင် ရှိသည်။
ကြည်တောက်ရွှန်းစိုခဲ့သော သလင်းလို မျက်ဝန်းများ၌ စိတ်မကောင်းဖွယ် မကောင်းဆိုးဝါး အရိပ်အယောင်များ ယှက်သန်းနေသည်က ဟွားဝူချင်၏ ခန္ဓာကိုယ်၌ ကျိန်စာများ မည်မျှ နစ်ဝင်သက်ရောက်နေသည်ကို သက်သေခံနေသည်။ ၎င်းတို့သည် သူ၏ကိုယ်၌ အသက်ရှင်နေသော နွယ်ပင်များလို ရစ်ဖွဲ့ကာ သိုင်းပတ်ထားပြီး ဖြစ်သည်။
YOU ARE READING
Legendary Phoenix [Complete]
FantasyTitle - Legendary Phoenix Book cover by Narcissus A beautiful romance story of God of Phoneix and extremely handsome God of Dreams ~♥~ Type- OWN CREATION, Chinese, Historical, BL, Romance, Fantasy Starting Date - 14 December 2019 (Both Zawgyi and U...