Chapter 33

29.7K 5.2K 174
                                    

Unicode

ဟွားဝူချင်၏ ဆံနွယ်များက အနက်ရောင်သို့ ပြောင်းလာနေချေသည်။ ဟွားဝူချင် ကိုယ်တိုင်လည်း ထိုအရာကို ခံစားမိနေသည်။

လိုဏ်ဂူ၏ အမှောင်ထုက သဘာဝထက် သိပ်သည်းနေပြီး ဟွားဝူချင်၏ မြင်ကွင်းကို ပိတ်ဆို့နေသည်။ သူမည်သည့်အရာမှ မမြင်ရပါ။ သို့သော် အမှောင်ထုက သူ့အတွက် ရင်းနှီးနေသော မိတ်ဆွေဟောင်းတစ်ယောက်ကဲ့သို့ပင် ခံစားရစေသည်။

သူ၏လက်တို့က လက်ထဲက ကြာပွတ်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။ တဖြည်းဖြည်း အမှောင်ထုတွင်းက ချည်းကပ်လာသော တစ်စုံတစ်ယောက်ကို ခံစား၍ ရနေချေသည်။

ယဲ့မိန်က သူမ၏ လက်များကို အဆမတန် ရှည်လျားအောင် လုပ်လိုက်ပြီး ဟွားဝူချင်၏ လည်မျိုဆီဦးတည်လိုက်လေသည်။ သူမ မျှော်လင့်ထားသည်က အနှီနတ်ဘုရားသည် သူမ၏ လှုပ်ရှားမှုကို မသိရှိနိုင်ဟု။

ယဲ့မိန်၏ ထင်မြင်ချက်တို့အလွဲကြီးလွဲသွားချေသည်။

"ရွှမ်း...''

ဟွားဝူချင်က သူမလာမည်ကို သိနေရုံသာမက သူ၏ ကြာပွတ်ကိုလည်း ဝှေ့ယမ်းကာ ရှည်ထွက်လာသော သူမ၏ လက်ကို ရိုက်ချလိုက်သည်။

ယဲ့မိန် အလျင်အမြန် ရှောင်သော်လည်း သူမ၏ လက်ချောင်းများကို ကြာပွတ်က ရိုက်မိသွားချေသည်။ အရိုးခိုက်မတတ်နာကျင်မှုကြောင့် ယဲ့မိန်၏ ဒေါသများပေါက်ကွဲလာသည်။

"ဝုန်း...''

သူမက လက်နှစ်ဖက်၌ မိစ္ဆာစွမ်းအင်များကို စုစည်းကာ ဟွားဝူချင်ထံသို့ ပို့လွှတ်လိုက်သည်။ မီးလုံးအသွင်ပြောင်းသွားသော မိစ္ဆာစွမ်းအင်များက ဟွားဝူချင်ထံ အရှိန်ပြင်းစွာ ဝင်လာလေသည်။

ဟွားဝူချင်က ကြာပွတ်ကို ဝှေ့ယမ်းကာ နံရံသဖွယ် ရွှေရောင်အကာအရံတစ်ခု ပြုလုပ်ပြီး ယဲ့မိန်ပစ်လွှတ်လိုက်သည့် မီးလုံးများကို ကာလိုက်သည်။

ယဲ့မိန်၏ နှုတ်ခမ်းတစ်ချက်မဲ့သွားသည်။

သူမ၏ ရှေ့တွင် ရှိနေသောသူကို နတ်ဘုရားတစ်ပါးဟုတ်မဟုတ် သူမ မသေချာခဲ့ပေ။ ထိုနတ်ဘုရား၏ ကိုယ်မှ မိစ္ဆာအငွေ့အသက်များက အလွန်ပြင်းထန်နေလေသည်။ သူမသည် ထိုသို့ မိစ္ဆာအနံ့အသက်များ ရနေတတ်သည့် နတ်ဘုရားတစ်ပါးကို တွေ့ဖူးချေသည်။

Legendary Phoenix [Complete]Where stories live. Discover now