အမှန်​တရားရဲ့ ဘက်​တော်​သား (၁၈)

3.1K 606 2
                                    

အမှန်​တရားရဲ့ ဘက်​တော်​သား (၁၈)
~~~~~~~~~~~~~~~~~~~~~~~~~~~~

ဆီဆေးကို ဓာတ်​ခွဲစမ်းသပ်​ကြည့်​လိုက်​တော့ မတူညီတဲ့ဘဆေးအမျိုးအစားနှစ်​ခုရောလျက်​ရှိနေတာကို သိလိုက်​ကြရတယ်​။ အရောင်​တွေက တူနေပေမဲ့ ထုတ်​လုပ်​တံဆိပ်​မတူတဲ့အတွက်​ ဓာတုအချိုးအစားလည်း မတူကြဘူး။

သေချာဆန်းစစ်​ပြီးတဲ့အခါမှာတော့ တစ်​ယောက်​ယောက်​က ဆီဆေးကို အရင်​လောင်းချတယ်​။ ပြီးတော့မှ နောက်​တစ်​ယောက်​က နောက်​ဆေးတစ်​မျိုးကို လောင်းချဖြစ်​တယ်​လို့ ကောက်​ချက်​ချလိုက်​လေတယ်​။

"ကျွန်​တော်​တို့ အခု လက်​ရှိတွေ့ထားတဲ့ သက်​သေတွေအရဆို ကျောင်းသားတစ်​ယောက်​က နောက်​ပြောင်​တဲ့သဘောနဲ့ ဆေးတွေ လောင်းချတာ၊ ဒါကို တရားခံက အခွင့်​အရေး ယူသွားတာပဲ..." ရဲတွေလည်း ယာယီ အစည်းအဝေးခန်းထဲမှာ ဆွေးနွေးနေကြတယ်​။

"အင်း၊ ကျောင်းသားတစ်​ယောက်​ယောက်​က ဆေးတွေကို အရင်​လောင်းချဖြစ်​ပြီး တရားခံက နောက်​မှ ရောက်​လာတာမျိုးလည်း ဖြစ်​နိုင်​တာပဲ... အခုတော့ ဘယ်​ကျောင်းသားက ဆီဆေးကို အရင်​လောင်းချတာလည်းဆိုတာ သိဖို့ လိုတယ်​..."

"အဲ့ဒီ လုမုန်းကတော့ အဓိကသံသယရှိသူဖြစ်​နေပြီ..."

"ဒါတော့ သဘောမတူဘူး... လုမုန်း မနေ့ညက စခန်းကိုတောင်​ ရောက်​လာသေးတာ..." ရဲတစ်​ယောက်​က အငြင်းအခုံပြုတယ်​။ "ကျောင်းအုပ်​ဆရာကြီးကိုယ်​တိုင်​လာထုတ်​ပြီး အိမ်​ပြန်​ပို့ပေးခဲ့တယ်​... ပြီးတော့ သူ အိမ်​ပြန်​ရောက်​ကတည်းက အိမ်​မှာပဲ ဆက်​နေနေတယ်​လို့ အိမ်​အကူပြောတာ ကျွန်​တော်​တို့ သိပြီးသားပဲ... ညဘက်​မှာ အိမ်​အကူ အိမ်​သာခဏခဏထသွားတော့ လုမုန်း ဧည့်​ခန်းထဲက ဆိုဖာပေါ်မှာ အိပ်​ပျော်​နေတာ တွေ့ပါတယ်​တဲ့..."

"သူက ရဲစခန်း ရောက်​ခဲ့သေးတယ်​လား..."

"အင်း... ရန်​ဖြစ်​လို့..." အဲ့ဒီရဲသားက ခေါင်းညိတ်​လိုက်​တယ်​။ "သူ့ကြည့်​ရတာ ပိန်​ပိန်​လေးနဲ့ အားနည်းမယ့်​ပုံလေး... ဒါပေမဲ့ တော်​တော်​လေး ကြမ်းတယ်​"

ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိWhere stories live. Discover now