ရှုမငြီးသော နတ်​ဆေးရှင်​ (၄၁) (သိမ်း)

2.2K 329 11
                                    

ရှုမငြီးသော နတ်​ဆေးရှင်​ (၄၁) (သိမ်း)
~~~~~~~~~~~~~~~~~~~~~~~~~~~~

"ဟွေ့ရွှယ်​လား" ချင်းချန်​ အံ့သြသွားမိတယ်​။ 'သူနဲ့ စောက်​ရူးမနဲ့က မခွဲနိုင်​ မခွာရက်​တွေ မဟုတ်​လား၊ ဘယ်​လိုလုပ်​ သူက ငါ့ကို လာရှာတာတုန်း'

"သူ ဘာလို့ လာတာလဲ၊ သူ ဘယ်​မှာလဲ"

"ဟွေ့ရွှယ်​ မိန်းကလေး ကြည့်​ရတာ ဒဏ်​ရာ ပြင်းထန်​ပုံပဲ၊ ကျွန်​တော်​ သူ့ကို အိမ်​တော်​ရဲ့ အနောက်​ခန်းမဆောင်​မှာ နားနေဖို့ ပြင်​ဆင်​ပေးထားပါတယ်၊ ကျွန်​တော်​ သူ့ကို ဒဏ်​ရာ အရင်​ကုပေးမလို့ပဲ ဒါပေမဲ့ သူက သခင့်​ကိုပဲ တွေ့ခွင့်​တောင်းနေတယ်"

ချင်းချန်​ စောင်​ကို ဖယ်​မလိုက်​ပြီး ကုတင်​ပေါ်က ဆင်းလာလိုက်​တယ်​။ "အဟွတ်... လာ သွားကြည့်​ရအောင်"

"သခင်... ဒါ..." အစောင့်​က ပြောချင်​နေတဲ့ စကားတွေကို ပြန်​မျိုသိပ်​လိုက်​ရတယ်။ သူ ချင်းချန်​ကို အပေါ်ဝတ်​ရုံတွေ ခြုံပေးလိုက်​ပြီး အပြင်​ကို တွဲကူခေါ်ထုတ်​ပေးလာတယ်။

ဟွေ့ရွှယ်​က ကုတင်​ပေါ်မှာ၊ သူမ မျက်​နှာတစ်​ခုလုံး သွေးတွေ ဖုံးလို့၊ ဘယ်​သူ ဘယ်​ဝါဆိုတာကို ရုတ်​တရက်​ ခွဲခြား မသိနိုင်​လောက်​အောင်​ပါပဲ။

ချင်းချန်​ ကုတင်​နားထိလျှောက်​သွားလိုက်​တယ်။ သူ ရင်​တထိတ်​ထိတ်​နဲ့ပေါ့။ "ဘယ်​လိုဖြစ်​တာလဲ..." 'ဘာဖြစ်​ကြတာလဲ...

ဟိုအရူးမရော အဆင်​ပြေရဲ့လား'

ဟွေ့ရွှယ်​ သူမရှေ့မှာ ဘယ်​သူရှိနေသလဲဆိုတာကို မနည်း ကြည့်​နေရတယ်​။ နောက်​တော့ သူမ ဝတ်​ရုံ အိတ်​ထောင်​တွေထဲ သေချာ လှန်​လှောရှာဖွေပြီးနောက်​ ကြွေပုလင်းလးတစ်​လုံးကို ယူထုတ်​လိုက်​ကာ ချင်းချန်​ကို ပေးလိုက်​ရင်း အသံမျော့မျော့လးနဲ့ ဆိုလေရဲ့။ "သခင်​မလေးက သခင့်​ကို ဒါလေး ပေးခိုင်းလိုက်​လို့ပါ၊ သခင်​မလေး ပြောတာက သခင့်​ကို ကတိပေးထားတဲ့ ကိစ္စလုပ်​ပေးပြီးပြီမို့ အခုကစပြီး တစ်​ယောက်​ကို တစ်​ယောက်​ ဘာမှ အကြွေး မတင်​တော့ဘူးတဲ့"

ကြွေပုလင်းလေးမှာ အကြည်​ရောင်​ဖြစ်​နေတော့ အထဲက အနီရောင်​ အရည်​တို့ အလင်းရောင်​အောက်​မှာ လဲ့နေတော့လေတယ်​။ ချင်းချန်​ ကြွေပုလင်းကို စက္ကန့်ပိုင်းလောက်​ စိုက်​ကြည့်​နေခဲ့မိတယ်​။ "သူ ဘယ်​မှာလဲ"

ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိWhere stories live. Discover now