အမှန်​တရားရဲ့ဘက်​တော်​သား (၁၁)

3.9K 653 2
                                    

အမှန်​တရားရဲ့ဘက်​တော်​သား (၁၁)
~~~~~~~~~~~~~~~~~~~~~~~~~~~~

ကျောင်းကစားကွင်းကို သန့်​ရှင်းရေးလုပ်​တဲ့ ကိစ္စ၊ မင်​ရှု လုပ်​စရာလား။ မင်​ရှု ခဏလောက်​တော့ လုပ်​ဖြစ်​ပေမယ့်​ လုပ်​တာကလည်း စတုရန်းပေ ၃ ပေပတ်​လည်​တောင်​ မပြည့်​ဘူး။

'အာ၊ ဗိုက်​ဆာလိုက်​တာ...!'

"လုမုန်း၊ နင်​ ကစားကွင်းကို သန့်​ရှင်းရေးလာလုပ်​ပေးနေတာလား...?" ကျောင်းအုပ်​ဆရာကြီးတို့ ရှိနေတဲ့ဘက်​ကနေ ချန်​ယန်​နဲ့ အတန်းဖော်​နှစ်​ယောက်​လျှောက်​လာတယ်​။ သူ မင်​ရှုကို မျက်​ခုံးပင့်​ပြလိုက်​ရင်း ပြောလိုက်​တယ်​။ "နင်​ ဒီလို လှည်းနေပုံနဲ့ ဘယ်​ချိန်​မှ ပြီးမလဲ"

ချန်​ယန့်​ဘေးနားက ကျောင်းသားနှစ်​ယောက်​လည်း တစ်​ယောက်​မျက်​လုံး တစ်​ယောက်​ကြည့်​ရင်း သူတို့ရှေ့က ကျောင်းသူလေးကို စူးစူးစမ်းစမ်း ကြည့်​နေမိကြတော့တယ်​။ 'တို့တွေရဲ့ Boss က အခုနောက်​ပိုင်း ဒီကောင်​မလေးကို စိတ်​ဝင်​စားနေပုံပဲ...' သူတို့ တွေးလိုက်​ကြတယ်​။

'အမှတ်​ကောင်း အဆင့်​ကောင်းတဲ့ ကျောင်းသူလေးကိုများ သူ ကြိုက်​မိသွားတာလား...

Boss... boss တို့က ကမ္ဘာချင်း မတူဘူးနော်...!

မင်​ရှုကတော့ ဒီလိုအရှုပ်​ထုပ်​တွေကို လှည်းထုတ်​ပစ်​လိုက်​ချင်​တာပါပဲ။

"ကျောင်းအုပ်​ဆရာကြီးရှင့်​၊ ဒီတစ်​ယောက်​ သမီး တံမျက်​စည်းလှည်းနေတာကို လာလာရှုပ်​နေတယ်​လို့..." ဖုန်းပွတ်​နေတဲ့ ဆရာကြီးဆီ မင်​ရှု လှမ်းတိုင်​လိုက်​လေတယ်​။

ဆရာကြီး မော့ကြည့်​လိုက်​တော့ ချန်​ယန်​နဲ့ အပေါင်းအပါနှစ်​ယောက်​က မင်​ရှုရှေ့မှာ ရပ်​နေတယ်​။ သူ့မျက်​နှာ ချက်​ချင်း ညိုမှုန်​သွားတော့တာပဲ။ သူ ချန်​ယန်​တို့ဘက်​ကို လျှောက်​လာရင်း အော်​တော့တယ်​။ "ချန်​ယန်​၊ မင်း ဘာလုပ်​တာလဲ"

". . ." 'နင်​ မကျေနပ်​တာလေး ရှိတာနဲ့ တန်းတိုင်​လိုက်​တော့တာပဲလား...' ချန်​ယန်​ တွေးလိုက်​မိတော့တယ်​။

ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိWhere stories live. Discover now