ကောလဟလ ဘုရင်​မ (၂၀)

4.8K 827 7
                                    

ကောလဟလ ဘုရင်​မ (၂၀)
~~~~~~~~~~~~~~~~~~~~~

နဉ်​ခယ့်​ချင်းက မင်​ရှုနဲ့ ဖက်​ပြိုင်​နိုင်​လောက်​တဲ့ အရည်​အချင်းမျိုးမှ မရှိတာ။ ဒီတော့ မင်​ရှု ဆော်​ပလော်​တီးတာကို ခံလိုက်​ရတာပေါ့။

ဝန်​ထမ်းတွေသာ အချိန်​မီရောက်​မလာခဲ့ရင်​ ပိုတောင်​ဆိုးရင်​ ဆိုးသွားဦးမှာ။ နဉ်​ခယ့်​ချင်း သွက်​စွက်​ခါလျက်​ အော်​ဟစ်​သောင်းကြမ်းနေတယ်​။ သူ့အဝတ်​အစားတွေလည်း ဖိုသီဖတ်​သီနဲ့၊ စိတ်​အခြေအနေကလည်း မတည်​မငြိမ်​နဲ့။ သူ့ပုံစံက လုံးဝကို စိတ္တဇဖြစ်​နေပြီ။

မင်​ရှု ရိုက်​တယ်​ဆိုရင်​တောင်​ ကိုယ့်​ကိုယ်​ကိုယ်​ ကာကွယ်​ဖို့ လုပ်​တယ်​လို့ပဲ အခြားသူတွေက မြင်​ကြမှာ။ အဲ့ဒီတော့ ဘယ်​သူမှ မင်​ရှုကို မေးခွန်းထုတ်​မနေတော့ဘူး။

နဉ်​ခယ့်​ချင်းကို စားသောက်​ဆိုင်​ထဲကနေ အတင်း ဆွဲခေါ်ထုတ်​သွားကြတော့တယ်​။ အစကတော့ သူ အော်​ဖြဲရင်း ရုန်းရင်းဆန်​ခတ်​လုပ်​နေသေးတယ်​။ ဒါပေမဲ့ မင်​ရှုနဲ့ အလှမ်းဝေးရာကိုလည်း ရောက်​ရော သူ ငြိမ်​ကျသွားတော့တာပဲ။

သူ့အကြည့်​တွေက အမုန်းအာဃာတအပြည့်​နဲ့၊ မင်​ရှုဆီကို အဆိပ်​ပြင်းမြွေတစ်​ကောင်​လို စိုက်​ကြည့်​နေခဲ့တယ်​။

မင်​ရှုကတော့ နှုတ်​ခမ်းကိုသာ တွန့်​ကွေးလိုက်​တယ်။ နဉ်​ခယ့်​ချင်းကိုတောင်​ အားပါးတရ တာ့တာလုပ်​ပြလိုက်​သေး။

"အား..." နဉ်​ခယ့်​ချင်းလည်း စိတ်​ကို လှုံ့ဆော်​လာတဲ့ ဒဏ်​ကို မခံနိုင်​တော့ဘဲ အသားကုန်​ အော်​လိုက်​မိတော့တယ်​လေ။

[အမုန်းရေချိန်​ ပြည့်​မီသွားပါပြီ။ တာဝန်​လုပ်​ဆောင်​ချက်​ ပြီးမြောက်​ပါတယ်​] Harmony System က နဉ်​ခယ့်​ချင်းရဲ့ ကံ အရှိန်​အဝါတွေ ဒီလောကထဲကနေ ပျောက်​ကွယ်​သွားချိန်​မှာ အကြောင်းကြားလာတယ်​။ [ဧည့်​ လက်​ရှိ ခန္ဓာကိုယ်​ သက်​တမ်းကုန်​တဲ့အထိ ဒီလောကမှာ ဆက်​နေလို့ရတယ်​။ ဒါမှမဟုတ်​ System လေဟာနယ်​ကို ပြန်​ပြီး နောက်​ တာဝန်​ရှိရာကို ကူးပြောင်းလို့လည်း ရတယ်​]

ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိWhere stories live. Discover now