အမှန်​တရားရဲ့ ဘက်​တော်​သား (၃)

4.5K 811 13
                                    

အမှန်​တရားရဲ့ ဘက်​တော်​သား (၃)
~~~~~~~~~~~~~~~~~~~~~~~~~~~

"လုမုန်း၊ နင်​ ဘယ်​လိုတောင်​ မိုက်​ရိုင်းနေတာလဲ...!" ကျင့်​ယွီချီရဲ့ သွယ်​သွယ်​တန်းတန်း မျက်​ခုံးလေးတွေ တွန့်​ကျုံ့သွားတော့တယ်​။ မင်​ရှု အပြုအမူအပေါ် သူ မကျေနပ်​ပုံပဲ။ ဒါပေမဲ့ သူများတွေရှေ့မှာ ရုပ်​ပေါက်​သွားမှာစိုးလို့ ဒေါသကို ချုပ်​တည်းထားလိုက်​တာ။

ကျင့်​ယွီချီ မင်​ရှုကို တိတ်​တဆိတ်​ အကဲခတ်​နေမိတယ်​။ မိန်းမတစ်​ယောက်​ရဲ့ အာရုံသိစိတ်​အရ သူ သိတယ်​။ အခု သူ့ရှေ့က ကောင်​မလေးဟာ အရင်​တုန်းကလို မဟုတ်​တော့ဘူးဆိုတာကိုပေါ့။

အရင်​တုန်းကဆို ရှန်းကွမ်းဖုန်းနဲ့ ကျ င့်​ယွီချီတို့အတူတွဲရှိတာကို လုမုန်းသာမြင်​လိုက်​ရရင်​ သည်းခံနိုင်​မှာ မဟုတ်​ဘဲ လဲကျသွားမှာပဲ။ ဒါပေမဲ့ ဒီနေ့တော့ သူဟာ သိပ်​ကို တည်​ငြိမ်​လွန်းလို့ ထူးဆန်းနေတာ။

ပြီးတော့ မနေ့ညက အဆောင်​ဟောင်းထဲ ပိတ်​မိခဲ့တာတောင်​ အအေးပတ်​ရုံလေးပဲ ဖြစ်​တယ်​။

"နင့်​အပေါ် ရိုင်းတော့ ဘာဖြစ်​သလဲ..." အဖျားတက်​နေတော့ မင်​ရှု မျက်​နှာက နီမြန်းနေတယ်​။ သူ့ချစ်​စရာမျက်​နှာလေးပေါ်က အပြုံးချိုချိုလေးနဲ့ တွဲလိုက်​တော့ နှစ်​လိုဖွယ်​ကောင်းလွန်းလို့ ပါးလေးကို ဆွဲညစ်​လိုက်​ချင်​မိတဲ့အထိပဲ။

"နင်​လွန်​တာပေါ့" ကျင့်​ယွီချီ နားမလည်​နိုင်​မှုတွေကို စိတ်​ထဲမှာပဲ သိမ်းထားပြီး မျက်​နှာမသာမယာနဲ့ ပြောလာတော့တယ်​။ "နင်​ နေမကောင်းတာတွေ့လို့၊ ငါက အားဖုန်းကို ဆေးခန်းလိုက်​ပြပေးခိုင်းတာလေ... နင်​ ငါ့စေတနာကို လက်​မခံလည်းရတယ်​... ရိုင်းစရာတော့ မလိုဘူး... လုမုန်း၊ နင့်​မိဘတွေက နင့်​ကို မဆုံးမဘူးလား..."

အသည်းအသန်​ ကြိုးစားထားခြင်းမရှိပါဘဲ ကျင့်​ယွီချီမျက်​နှာထားက သူ မင်​ရှုကို တမင်​ရန်​စနေမှန်း မသိသာစေဘူး။

တခြားသူတွေကိုက မသိစိတ်​ထဲကနေ ကျင့်​ယွီချီအပေါ် ဘက်​လိုက်​ချင်​တာ ပါမယ်​။

ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိWhere stories live. Discover now