15

1.2K 125 59
                                    

Unicode

(အလယ်နားရောက်ရင် Asher Manoreရဲ့ Warm winter nightလေးနားထောင်ပြီး ဖတ်ဖို့အကြံပေးပရစေ။)

ဘယ်ကိုသွားမယ်ဆိုတာကို သေချာပြောခဲ့တာတောင် လာမခေါ်သေးသောယောက်ျားဖြစ်သူကြောင့် ဂျောင်ဆူးနှုတ်ခမ်းဆူချင်‌လေပြီ။

နာရီတကြည့်ကြည့်နဲ့ ဧည့်ခန်းထဲခေါက်တုံခေါက်ပြန်လျှောက်နေသောသူ့ကို မိဘအိမ်ကိုအရံဟင်းလာယူသောချန်ယောလ်အမကကြည့်ပြီးပြုံးစိစိ။

ချန်ယောလ်ကိုစိတ်ဆိုးတယ်ပြောပြီး တမျှော်မျှော်လုပ်နေသော ဂျောင်းဆူးလေးကိုစချင်လာသည်။

"ဂျောင်ဆူးရယ် အရင်တည်းကအမပြောသားပဲ အိမ်ထောင်ပြုမယ်ဆိုလူသေချာရွေးပါဆို။ ခုတော့လူရွေးမှားလို့ တစ်လျောက်လုံးဒုက္ခရောက်တော့မယ် ဂျောင်လေးကတော့။"

သူ့ကိုထိုင်ခုံမှာထိုင်ခိုင်းပြီး အမကဆုံးမနေတာကြောင့် ဂျောင်ဆူးမှာလည်းခေါင်းတငြိမ့်ငြိမ့်။

"ဒီနေ့တော့ဒီမှာပဲအိပ်လိုက်ပေါ့ဂျောင်လေးရယ်။ အဲ့ကောင်စုတ်လေးကိုမှတ်လောက်အောင်ပြစ်ထားလိုက်စမ်းပါ။"

"ကျွန်တော်လည်းဒီညဒီမှာအိပ်မှာအစ်မ။ သူဒူးထောက်တောင်းပန်ရင်တောင် လုံးဝလုံး၀ပြန်မလိုက်ဘူး။။"

လာခေါ်ချိန်တန်နေတာတောင်လာမခေါ်၍ ဂျောင်ဆူးဒေါသတို့နှစ်ဆတက်တော့သည်။

"ကောင်းတယ်။ အဲ့ဒါမှနောက်အဲ့လိုမလုပ်ရဲမှာ။ ဒါနဲ့ချန်‌ဆူးလေးကရော ဂျောင်လေးမရှိတော့အဆင်ပြေပါ့မလား။"

"အမလေးအမရယ် အဲ့သားအဖနှစ်ယောက်ကတစ်ပုံစံတည်း။ အဲ့အကောင်ပေါက်လေးက ကျွန်တော့်ထက်သူ့Daddyမှသူ့Daddy။"

ချန်ယောလ်အမေကပါ သူတို့စကားပြောတဲ့နားကိုလျှောက်လာသည်။

"မား ပြောသားပဲသားငယ်ရယ်။ ချန်ယောလ်ကိုအစတည်းကနိုင်အောင်ကိုင်ထားပါဆို။"

စိတ်ဆိုးနေတဲ့ သူယောက်ျားလေးကိုပြန်လာခေါ်ရင်း ဧည့်ခန်းထဲကသူ့အမနဲ့သူ့အမေဆီက ဂျောင်ဆူးကိုဆုံးမနေသံကြားရသည်။ အော်...မားမား....သားအမိချင်းသစ္စာဖောက်နေတယ်တဲ့လား။

One And Only My HeavenWhere stories live. Discover now