12

1.9K 170 103
                                    

Unicode

နှစ်ကူးရုံးပိတ်ရက်သည် ပတ်ချန်ယောလ်တို့သားအဖဖို့ ဒိုဂယောင်ဆူး၏စမ်းသပ်ခံရမည့်နေ့ရက်များဖြစ်သည်။ဒီရက်ပိုင်း social mediaရဲ့လွှမ်းမိုးမှုကိုခံ‌ေနရတဲ့သူ့ယောကျာ်းလေးဟာ ခုလည်းဆိုဖာပေါ်မှာထိုင်ပြီး YouTubeက videoတစ်ခုကိုကြည့်လျက်။

ပိတ်ရက်လေးအိမ်အလုပ်‌ေတွဝိုင်းကူအုံးဆို၍ သူနဲ့သား‌ေတာ်‌ေမာင်မှာ အိပ်ခန်းအတွင်းသန့်ရှင်းရေးလုပ်လျက်။ သားတော်မောင်က ဟိုဟာဆွဲချဒီဟာဆွဲချနှင့် နှောက်ယှက်သည်ဆိုပိုမှန်လိမ့်မည်။

"ကိုကို့ဆံပင်တွေရှည်နေပြီနော်။"

အိပ်ရာပေါ်မှာ အ၀တ်တွေပုံပြီးမ၀တ်တော့သောအက်ျတွေရှင်းနေတဲ့သူ့ကို ဂျောင်ဆူးကလှမ်းပြောသည်။

"မနက်ဖြန်ကျမှပဲသွားညှပ်တော့မယ်။"

သုံးခါသာ၀တ်ထားပြီးသား အကျီကိုမကြိုက်တော့တာကြောင့် မ၀တ်တော့မယ့်အပုံထဲလှမ်းထည့်ရင်း ချန်ယောလ်ကဂျောင်ဆူးဘက်လှည့်ကာပြောလာသည်။

ချန်ယောလ်ဂျောင်ဆူးဘက်လှည့်သွားသည်နှင့် ချန်ဆူးကအ၀တ်ပုံနှစ်ပုံကိုပြန်ရောနေတော့သည်။

"ဆိုင်မှာသွားညှပ်မနေပါနဲ့တော့ အလုပ်ရှုပ်တယ်။ ကလေးညှပ်ပေးမယ်။"

"ကလေးကညှပ်တက်လို့လား။"

"ယောကျာ်းလေးဆံပင်ညှပ်တာများဘာခက်လို့လဲ။ လွယ်လွယ်လေးကို လိုရမယ်ရ YouTubeကတောင်ကြည့်ထားသေးတယ်။"

ရှေ့ရက်တွေကအစားအသောက်စမ်းချက်တာတွေကို ဒိုင်ခံမြည်းပေးရာကနေ အခုသေချာပုံသွင်းထားတဲ့ဆံပင်လေးကအစမ်းသပ်ခံရတော့မှာပါလား။ တကယ်ကို ဒ်ုဂျောင်ဆူးသူ့ကို ကိုက်ုလို့ခေါ်ခြင်းက အချင်းနှီးမဟုတ်။

"နဲနဲပဲညှပ်နော်ကလေး။ ကိုကို့ဆံပင်ကသိပ်မရှည်သေးဘူးရယ်။"

မညှပ်နဲ့ပြောရင်လည်း စိတ်ဆိုးအုံးမည်။ ဆံပင်လေးတွေရေ အမျှအမျှ။

"အင်းပါသိပ်မညှပ်ပါဘူး။"

hair clipperကြီးတကိုင်ကိုင်နဲ့ဂျောင်ဆူးပုံကိုကြည့်ပြီး ကျောချမ်းလာသည်။

One And Only My HeavenWhere stories live. Discover now