18(final)❤️

1.3K 104 32
                                    

Unicode

"သားသား သားသား "

"______"

"ထတော့ပါးပါးပူတင်းလေး ခနနေဦးဦးဂျွန်ဒယ်လာခဲ့တော့မှာ။"

ပုံမှန်ထက်အိပ်ပုတ်ကြီးနေတဲ့သားသားကို တင်ပါးလေးပုတ်ပြီးနိုး‌တော့ မျက်စိနှစ်ဖက်ကိုလက်နဲ့ပွတ်ရင်း ထထိုင်လာသည်။

"မျက်လုံး‌ေတွတအားမပွတ်နဲ့လေ နီကုန်မယ်။"

အိပ်ချင်မူးတူးနဲ့ထလာတဲ့သားသားကို သန့်ရှင်းရေးလုပ် ကျောင်း၀တ်စုံလဲပေးနေတုန်း ဂျွန်ဒယ်ကရောက်ချလာသည်။ ဒီရက်ပိုင်းသူ့စိတ်အခြေအနေမကောင်းမှန်းသိတော့ သားသားကျောင်းကြိုကျောင်းပို့ကို ဘတ်ခ်ဟွန်းတစ်လှည့် ဂျွန်ဒယ်တစ်လှည့်လုပ်ပေးရှာသည်။

ချန်ယောလ်နဲ့ကတော့ထိုနေ့ပြီးကတည်းက အဆက်အသွယ်မရတော့တာ တစ်ပတ်လောက်ပင်ရှိလောက်ပြီ။ ချန်ယောလ်ဂျပန်ရောက်နေတာကြောင့် ပြန်လာရင်ညှိနှိုင်းပေးမယ်လို့ အကိုတို့ကပြောပေမဲ့ ဂျောင်ဆူးစိတ်အေးလက်အေးမနေနိုင်ပေ။

"သားသားမနက်စာစားမယ်။"

စားပွဲမှာသားသားကမနက်စာစားနေတုန်း ဂျွန်ဒယ်ကဂျောင်ဆူးနားကပ်လာသည်။

"ဂျောင်ဆူးမနက်ဖြန်ချန်ယောလ်နဲ့ စကားပြောကြမယ်။"

"သူပြန်ရောက်ပြီလား။"

"မနက်ဖြန်jejuဘက်က မင်းယောက္ခမတွေပိုင်တဲ့ ဟိုတယ်5နှစ်ပြည့်ပွဲရှိတယ်။ အဲ့တာသူ့အဖေကိုယ်စားချန်ယောလ်လာလိမ့်မယ်။ သူကဂျပန်ကနေအဲ့ကိုတန်းလာမှာ ငါတို့အဲ့ကနေပဲသူ့ကိုစောင့်နေလိုက်မယ်။ ပွဲကမနက်ပိုင်းဆိုတော့ မင်းတို့ကိုညနေပိုင်းတွေ့ပေးဖို့လုပ်ထားတယ်။"

"အင်းအဲ့တာဆိုflightကိုငါစီစဉ်လိုက်မယ်။ အကိုတို့ရောတစ်ခါတည်းလိုက်မှာမလား။"

"flightကအကိုမင်ဆော့စီစဥ်ထားတယ်။ ရရင်မင်းကိုဖုန်းဆက်လိမ့်မယ်။ အကိုတို့ပါတစ်ခါတည်းလိုက်မှာလေ။"

"‌ပါးပါးချန်းဆူးကျောင်းသွားတော့မယ်။ "

မနက်စာစားပြီးတဲ့သားသားက သူ့အနားရောက်လာပြီး ဂျောင်ဆူးနှုတ်ခမ်းကိုနမ်းကာ ကားပေါ်တက်သွားသည်။

One And Only My HeavenWhere stories live. Discover now