9

2.1K 159 66
                                    

Unicode

"ပတ်ချန်ဆူး!!!! ပါးပါးစိတ်မရှည်တော့ဘူးနော်။ မြန်မြန်ပါးပါးဆီကိုပြန်လာ"

2နှစ်အရွယ်သားသားကို ထမင်းကျွေးရတာ အင်မတန်ခက်လွန်းသည်။ တစ်အိမ်လုံးအနှံလျှောက်သွားနေတာကြောင့် ထမင်းတစ်ပန်းကန်၀င်ဖို့အရေး အနောက်ကနေတကောက်ကောက်လိုက်နေရသည်။ ဂျောင်ဆူးတို့အလိုမလိုက်ပေမဲ့ နှစ်ဖက်မိဘနဲ့သဲသဲလှုပ်အိုဆယ်ဟွန်းတို့အတွဲကြောင့် ပတ်ချန်ဆူးတစ်ယောက်ဂျစ်ချင်တိုင်းဂျစ်‌ေတာ့သည်။

အခုလည်းထမင်းစားခန်းထဲမှာ ထမင်းကျွေးရာကနေ အိပ်ခန်းထဲရောက်သွားပြန်ပြီ။

"ချန်ဆူး မလာရင်ပါးပါး Tobenကိုကျွေးလိုက်မှာနော်။"

Tobenနဲ့ခြိမ်းခြောက်တော့မှာ သူ့ဆီကိုဖင်တုတ်တုတ်လေးကိုခါပြီး ပြေးလာတော့သည်။ ဘယ်သူနဲ့တူမှန်းမသိ သားသားက သူများနဲ့ယှဉ်ရင်သူ့ကိုဦးစားပေးမှကြိုက်ပြီး အင်မတန်သ၀န်တိုတက်သည်။

"အစောထဲကဒီလိုငြိမ်ငြိမ်လေးစားပါလား။ ခုတော့သားသားနောက်က လိုက်ရတာပါးပါးမောလာပြီ။"

သေချာစားတော့လည်း နှစ်ပန်းကန်လောက်ကုန်သည်။ အဲ့ဒါကြောင့် သားသားကနမည်နဲ့လိုက်အောင် ပူပူတင်းတင်းတုတ်တုတ်လေးဖြစ်နေသည်။

ကြည့်နေရင်း အသည်းယားလာတာကြောင့် ပါးနှစ်ဖက်ကို ညှစ်လိုက်တော့ နှုတ်ခမ်းဆူဆူလေးက ထွက်လာသည်။

"Aigooပါးပါးသားလေးက ချစ်ဖို့ကောင်းလိုက်တာကွာ။"

"ပါးပါး..."

"ဟင်"

"Dad .. Daddy"

"အာ သားသားကDaddyကိုလွမ်းနေပြီလား။ ဒီနေ့Daddyကစောစောပြန်လာမယ်တဲ့။ "

"Daddy ဟင့် daddy ဟင့် ဟင့် "

သူ့daddyကိုခေါ်ရင်း ရှိုက်သံတွေပါလာတာကြောင့် ဂျောင်ဆူးသားသားကိုကောက်ပွေ့လိုက်သည်။

"Daddyကိုလွမ်းလို့လား ဟင်။ daddyနဲ့စကားပြောမလား ပါးပါးvideo callခေါ်ပေးမယ်။"

အဲ့တော့မှသားသားကငိုမဲ့မဲ့နဲ့ခေါင်းငြိမ့်ရှာသည်။

"Hello"

One And Only My HeavenWhere stories live. Discover now