17

1K 88 24
                                    

Unicode

"ဝုန်း!!!"

တော်ရုံလူမ၀င်ရဲတဲ့VIPအထပ်က စေ့ရုံသာစေ့ထားသောအခန်းတံခါးက ဝုန်းခနဲအသံနဲ့အတူ ပွင့်သွားသည်နှင့် ချန်ယောလ်တစ်ယောက်နောက်ကြောင်းပင်လှည့်မကြည့်ပဲ ရေချိုးခန်းထဲ၀င်ပြေးတော့သည်။

"ပတ်ချန်ယောလ်အခုချက်ခြင်းထွက်ခဲ့။"

သူ့ယောကျာ်းရဲ့ဒီhigh noteနဲ့ခေါ်တာကို ထွက်လာပါက ကိုယ့်သေတွင်းကိုယ်တူးသလိုဖြစ်နေလိမ့်မည်။ 6ပေကျော်အရပ်နှင့်ဘော်ဒီတောင့်တောင့်ဘဲကြီးက အကောင်သေးသေးလေးကိုကြောက်နေတာလားဟုပြောရင်လည်းမတက်နိုင်ပါ။ အမှန်တကယ်ပင်ကြောက်သောကြောင့်ဖြစ်သည်။

အနောက်ကအကိုတို့ကဂျောင်ဆူး‌ကို စိတ်လျော့ဖို့ပြောနေတာကို ရေချိုးခန်းထဲကနေအတိုင်းသားကြားနေရသည်။

"စိတ်ထိန်းပါဂျောင်ဆူးရာ။ ဒီကိစ္စကဒီလိုစိတ်လိုက်မာန်ပါလုပ်လို့ပြီးသွားမှာမှမဟုတ်တာ။"

"အကိုတို့ကျွန်တော့်ကိုမဖြောင်းဖျနဲ့ ဒီနေ့ကျွန်တော်သူ့ဟာကိုဖြတ်ရမှကျေနပ်မယ်။ဘယ့်နှယ့် ညကတော့ကြောင်ခံတွင်းပျက်လို တစ်ညလုံးအရိုး‌ေရာအရင်းပါမကျန်‌ေအာင်သောင်းကျန်းပြီး နေ့ခင်းကျတော့ ရှေ့နေနဲ့ကွာရှင်းစာချုပ်ပို့လိုက်တာဘာသဘောပဲ။ ပတ်ချန်ယောလ်အခုချက်ချင်းထွက်လာခဲ့။ "

"ဟုတ်ပါတယ်။ အခုကိစ္စကချန်ယောလ်ဘက်ကမှားတာအကိုတို့အကုန်သိတယ်။ အကိုတို့ပြောတာက ခနလေးစိတ်ကိုလျော့ပြီး အေးအေးဆေးဆေးဖြေရှင်းကြရအောင်။ အကုန်လုံးကလဲ အရွယ်ရောက်ပြီးသားလူတွေချည်းပဲလေ ညှိုညှိုနှိုင်းနှိုင်းလုပ်ကြတာပေါ့။ "

အကိုမင်ဆော့ကသေချာပြောဖြောင်းဖျတော့မှ ဂျောင်ဆူးလည်းရေချိုးခန်းရှေ့ကနေ ဧည့်ခန်းဘက်သွားထိုင်တော့သည်။လက်ကဓားကတော့မချသေး။

"ဆယ်ဟွန်းကချန်ယောလ်ကိုသွားခေါ်ချည်။"

အကိုရီရှင်းကဂျောင်ဆူးမမြင်အောင် ဆယ်ဟွန်းကိုwinkလုပ်ပြရင်း ချန်ယောလ်ရှိတဲ့ရေချိုးခန်းဖက်ကိုတွန်းပို့လိုက်သည်။

One And Only My HeavenWhere stories live. Discover now