14

1.3K 147 77
                                    

Zawgyi

ဝုန်းဒိုင်းကြဲပြီး ၀င်လာတဲ့ချန်ယောလ်ပုံစံက မြင်ရခဲတာမို့ ပြန်တုံပြန်ဖို့ရာသူ့စိတ်ကရုတ်တရက်ကြောင်အနေသည်။

"ဟမ် ဒိုဂျောင်ဆူး။ မင်းပြောစမ်း မင်းဘယ်ကောင်နဲ့တွေ့လာတာလဲ။"

"အ့...နာတယ်။ ငါ့ကိုလွှတ်!!!!!!!"

ချန်‌‌ယောလ်ကအကြမ်းပတမ်းဖြစ်နေတာကြောင့် သူ့လက်နှစ်ဖက်ကိုကိုင်လှုပ်ရင်းမေးရုံနဲ့တင် ဂျောင်ဆူးမှာလက်တွေနာလာသည်။

"မင်း...မင်း....အဲ့လိုလုပ်ပြန်ပြီလား။ ငါ့နောက်ကိုလူလွှတ်ထားပြန်ပြီလား။ ငါမကြိုက်ဘူးပြောထားတာတောင် မင်းအဲ့လိုလုပ်မှဖြစ်မှာလား။"

ဂျောင်ဆူးကပြောနေရင်း ၀မ်းနည်းလာတာကြောင့် အသံတွေတောင်တုန်လာသည်။

"မလွှတ်ထားရင် မင်းအခုလိုငါ့နောက်ကွယ်မှာဖြစ်နေတာတွေငါသိမလား။ "

" မင်းကတိ‌ကိုမေ့နေပြီလား။ မင်းငါ့ကိုနောက်အဲ့လိုမလုပ်တော့ဘူးဆိုပြီး မင်းကတိပေးခဲ့‌တယ်လေ!!!!!!! ပတ်ချန်ယောလ် မင်းအရမ်းတရားလွန်နေပြီနော်။"

"ဘယ်ယောကျာ်းကများ ကိုယ့်ယောကျာ်းအပြင်သွားခါနီးမှ ပြောသွားတာကို အတွေးဖြောင့်ဖြောင့်နဲ့အလုပ်လုပ်နိုင်မှာလဲ။ ဟက်....ငါထင်တဲ့အတိုင်းပဲ။ မင်းအသိအစ်ကိုဆို မင်းတို့ဟိုတယ်ထဲဘာလို့ဝင်သွားလဲ။ အဲ့ကောင်ပုံကရော ဘာလို့ခိုးကြောင်ခိုးဝှက်ပုံဖြစ်နေရတာလဲ။ ပြော!!! မင်းတို့ရိုးသားရင်အဲ့လို‌ဖြစ်မလား။"

"တော်တော့ချန်ယောလ် .....မင်းလိုလူမျိုးနဲ့ငါစကားဆက်မပြောနိုင်တော့ဘူး။ အရိုင်းအစိုင်းကောင်။"

ချန်ယောလ်နဲ့စကားဆက်ပြောချင်စိတ်မရှိတာကြောင့် အိမ်ပြင်ထွက်ဖို့ပြင်တော့ လက်ကောက်ဝတ်ကိုတစ်ဖန်လှမ်းဆွဲလာသည်။

"ဒါကဘယ်လဲ.…ငါ့ကိုဘာဖြေရှင်းချက်မှမပေးပဲ ဒါကိုဘယ်ကိုသွားအုံးမှာလဲ။"

"ငါ့ဘာသာဘယ်သွားသွားမင်းနဲ့မဆိုင်ဘူး။ လောလောဆယ်မင်းနဲ့ စကားမပြောရရင်ပြီးရော။"

" လာခဲ့...မင်းအဲ့လို‌ထွက်သွားလို့မရဘူး ဒိုဂျောင်ဆူး။"

ချန်ယောလ်ဂျောင်ဆူးကို လက်ကောက်ဝတ်ကဆွဲကာ အခန်းထဲအတင်းခေါ်သွားသည်။

One And Only My HeavenWhere stories live. Discover now