11

1.8K 167 58
                                    

Zawgyi

"မိုးရွာ‌‌တော့မယ်ချန်ယောလ် အထဲဝင်တော့။"

သားအဖ‌တွေ Toben Meokmulတို့တစ်သိုက်နဲ့ခြံထဲမှာ ဘောလုံးဆော့နေတုန်း မိုးတွေကမဲတက်လာတာကြောင့် ဂျောင်ဆူးကအထဲဝင်ဖို့ဆော်ဩရသည်။ ဆော့ကောင်းကောင်းနဲ့ဆော့နေတဲ့ အုပ်စုကတော့ ဂျောင်ဆူးစကားကို နားထဲတောင်မရောက်။

"ဟိတ် ဟိတ် အကုန်သိမ်းပြီးအိမ်ထဲဝင်ဖို့ပြင်တော့။"

ထပ်အော်တော့ မျက်လုံးကလယ်ကလယ်နဲ့  လူရောခွေးရော ဝိုင်းကြည့်ကြတော့ ဒီကလူကပဲလူဆိုးလိုလို။

"တော်တော် အဲ့လိုဝိုင်းမကြည့်ကြနဲ့။ ဆော့မယ်ဆိုခနပဲရမယ်။ "

မိုးဖွဲဖွဲလေးကျကတည်းကနေ သည်းသည်းမဲမဲရွာတဲ့အထိဆော့နေကြတာကြောင့် အထဲဝင်ဖို့ဂျောင်ဆူးမနဲခေါ်ရသည်။ ဒါတောင် လူရောခွေးရော  အင်တင်တင်လုပ်နေတာကြောင့် တုတ်ပြမှလျောလျောရှူရှူအထဲဝင်ကြသည်။

"ချန်ယောလ် သားသားကိုသန့်ရှင်းရေး ငါလုပ်လိုက်မယ်။ မင်း ဟို သောင်းကျန်းတဲ့ မဲလုံးတို့အုပ်စုကို သန့်ရှင်းရေးလုပ်ပေးလိုက်။ ပြီးတာနဲ့မင်းပါ တစ်ခါတည်းမြန်မြန်ချိုးလိုက် ဖျားအုံးမယ်။"

‌အပြင်မှာဆော့ထားလို့ ညစ်တူးနေတဲ့သားသားကို အကျီဘောင်းဘီအကုန်ချွတ်ပြီး ရေမြန်မြန်ချိုးပေးရသည်။ အပြင်မှာအကြိုက်ဆော့လာတာတောင်  ရေကြိုက်တဲ့သားသားက ရေချိုးဇလုံထဲမှာ တဗွမ်းဗွမ်းဆော့နေသေးသည်။ Dryerနဲ့ဆံပင်တွေခြောက်အောင် မှုတ်ပြီးတာနဲ့ အက်ျလဲပေးအနွေးထည်ဝတ်ပေးကာ ‌နွေးနွေးထွေးထွေးထားရသည်။

"ဟင် ချန်‌ယောလ်ရေမချိုး‌သေးဘူးလား။"

"ကလေးကိုစောင့်နေတာ။"

သဘက်ကြီးကိုင်ပြီး ရေချိုးခန်းထဲမ၀င်ပဲ အရှေ့မှာစောင့်နေတဲ့ ချန်ယောလ်။

"ဘာလုပ်မလို့လဲ။ ပြောစရာရှိရင်နောက်မှပြောတာမဟုတ်ဘူး အအေးပတ်တော့မယ်။"

"ကိုယ့်ကိုရေချိုးပေး။"

"ကလေးလား မင်းက။"

"ကလေးကသားသားကိုကျ ချိုးပေးတယ်။ ကိုယ့်ကိုမချိုးပေးဘူး။ ကိုယ့်ကိုမချစ်တော့မှန်း အရမ်းသိသာတာပဲ။"

One And Only My HeavenWhere stories live. Discover now