~6.1~

801 116 11
                                    

Unicode

" အရန်ကစားသမား.......ဘယ်သူ့အတွက်လဲ ? "

ဟယ်ရှောင်ရွီ၏အကြည့်မှာ မသိမသာနှင့် အဖွဲ့တစ်ဖွဲ့၏ fragger ဖြစ်သည့် လုပ်ဖော်ကိုင်ဖက် ပူနာနာဆီသို့ ရောက်သွား၏။ သူ ဗလုံးဗထွေးနှင့် ပြောလိုက်သည်။

" ဒါအကြံကောင်းလို့ မထင်ဘူးနော်။ ဘယ်လိုပဲ ဖြစ်ဖြစ် ပူနာနာကလဲ မင်းရဲ့ ပထမဇနီးလေ။ အဲ့ဒီအပြင်ကိုမှ သူကအခုမှ အသက်၂၂နှစ်ပြည့်တာ။ နောက်၂နှစ်လောက်အထိ အသုံး၀င်သေးတယ်....... "

ပူနာနာမှာ ပျော်ရွှင်စွာနှင့် စကားနိုင်လုပွဲကို ကြည့်နေရာမှ မမျှောင့်လင့်စွာပင် ကံမကောင်းသည့် ‌အငွေ့အသက်မှာ သူ့ဘက်သို့ လှည့်လာမည့်ပုံပေါက်သဖြင့် သူချီဆွေ့ကို သတိပေးသည့်အနေဖြင့် တစ်ချက်ကြည့်လိုက်သည်။ အဆီထွက်နေသဖြင့် ချွဲကျိကျိဖြစ်နေသော လက်တစ်စုံကို ထုတ်ကာ ဂိမ်းဆော့သည့်ခုံ၌ ကြောင်တောင်တောင်ထိုင်နေရင်းမှ သူချီဆွေ့အနားသို့ကပ်ကာ မျက်ရည်မိုးရွာသွန်းတော့သည်။

" ခေါင်းဆောင်.... ငါမင်းအတွက်ဆို ကျည်မှန်မှာလည်း မမှုခဲ့ဘူး။ လူသတ်ရမှာလည်း ၀န်မလေးခဲ့ဘူးလေ။ "

" ငါနဲ့‌...ဝေးဝေးမှာ နေစမ်းပါ "

ချီဆွေ့မှာ ပူနာနာ၏ လက်ကအဆီတွေကြောင့် သူ့တီရှပ် ပေသွားမှာစိုးသဖြင့် နောက်သို့ဆုတ်လိုက်သည်။

" ငါ.... မင်းအကြောင်းပြောနေတာမဟုတ်ဘူး "

ပူနာနာမှာ လက်သုတ်ရမည့် အခွင့်အရေး လွတ်သွားသဖြင့် တဟီးဟီးနှင့်ရယ်ကာ သူ့ကွန်ပျူတာရှေ့၌ ပြန်ထိုင်ပြီး အသားကင်ကို ဆက်စားနေသည်။

" ဒါဆို .. မင်းက ဘယ်သူ့နေရာမှာ သူ့ကို အစားထိုးချင်တာလဲ .. "

လက်ရှိ ထရိန်နင်အခန်းထဲ၍ လူသုံးယောက်သာ ရှိလို့နေသည်။ ဟယ်ရှောင်ရွှီမှာ ဘေးကိုတစ်ချက်ကြည့်၍ အခြားသူမရှိမှန်းသေချာမှ အသံတိုးတိုးဖြင့် ပြောလိုက်သည်။

" မင်း......ချန်းရှီနဲ့ ပြသနာတက်ထားတာ မဟုတ်ဘူးမလား "

" ငါက သူနဲ့ ဘာပြသနာတက်စရာ ရှိလို့လဲ?ပြီးတော့ တခြားသူတွေ ဘာလုပ်နေလဲခန့်မှန်းတဲ့နေရာမှာ မင်းက အတွေ့အကြုံရှိပြီးသား မဟုတ်လား? "

AWM:PUBG||Myanmar Translation[Dropped]Where stories live. Discover now