~4.1~

525 125 36
                                    

Unicode

ချီဆွေ့သည်စကားပြောလို့ပြီးသည်နှင့် livestream ကိုဖွင့်လိုက်သည်။အခုချိန်မှာဆိုရင်ဖြင့် သူ၏ livestream မှာကြည့်ရှုသူ ၈သန်းကျော်သွားလေပြီ။ ကွန်မန့်များကိုအမြန်ဆွဲ၍ကြည့်လိုက်သောအခါ ထင်သည့်အတိုင်းပင် ဗြောင်းဆန်နေလေသည်။

[အားးးးးးးးးး]

[ဒါကဘယ်လိုအခြေအနေကြီးလဲ?!!!!!]

[ဒီ Youth ဆိုတာကနတ်ဘုရားလေးရန်လား? ဒါသူဟုတ်တယ်မလား? သူကHOG ကိုဝင်လိုက်တာလား?!!!!]

[အားးးး! ဘာဖြစ်လို့ဂျာမန်လူမျိုးကအဲ့လိုမေးခွန်းကိုမေးရတာလဲ? ငါတစ်ခုခုများလွတ်သွားသလားလို့?]

[Youth ဆိုတာကဘယ်သူလဲ? သူကဘာဖြစ်လို့နတ်ဘုရားချီကိုကြိုက်တာလဲ?]

[အန်....ဒါကအဲ့လိုမဟုတ်ဘူးလားလို့။ ငါဂျာမန်စကားကို နှစ်ဝက်လောက်ပဲလေ့လာခဲ့ပေမယ့် ဘာဖြစ်လို့နတ်ဘုရားချီရဲ့ဘာသာပြန်ကတစ်ခုခုထူးဆန်းတယ်လို့ ခံစားနေရတာလဲ?]

[ဘာမှနားမလည်ပေမယ့် ငါ့ယောကျ်ားလေးရဲ့ဂျာမန်သံကအရမ်းနားထောင်ကောင်းတာပဲ!]

[hahahahaha....ချီဆွေ့ ....လူဆိုးကြီး....မင်းပြောတာကိုတစ်ယောက်မှနားမလည်ဘူးလို့တကယ်ထင်နေတာလား? forum မှာတွေ့မယ်...hahahahah!]

[နတ်ဘုရားချီက ဒီနေ့ဘာဖြစ်နေတာလဲ? အားး ရဲကိုခေါ်ပေးကြပါ။ သူကကျွန်မကိုမြှူစွယ်နေပါတယ်!!!]

[နားလည်တဲ့သူတွေကတော့ရူးကုန်ကြပြီ။ အိုး...ငါ့ရဲ့ချစ်လှစွာသောချီ မင်းကပဲအရမ်းတော်နေတာလား ဒါမှမဟုတ် ငါ့ရဲ့ဂျာမန် level ကပဲတစ်ခုခုလိုနေတာလား?]

လူပေါင်းများစွာက livestream ကိုကြည့်နေသည့်အတွက်ထိုထဲမှာဂျာမန်ဘာသာစကားကို နားလည်သူကတော့ သေချာပေါက်ရှိပေလိမ့်မည်။ livestream မှန်သမျှကိုချီဆွေ့မှတ်တမ်းတင်ထားတာကတော့ပြောစရာပင်မလိုပါ။ အကယ်၍ အခုဖြစ်ပျက်နေသည့်အရာကို တစ်ယောက်မှ နားမလည်လျှင်တောင် နောက်ပိုင်း၌တစ်စုံတစ်ယောက်က ဘာသာပြန်ပေးပါက အကုန်လုံးမှာသိသွားပေလိမ့်မည်။

ချီဆွေ့သည်တစ်နှစ်ပတ်လုံးဆိုသလို ပြသနာရှာခံရလေ့ရှိတဲ့အတွက် တချို့သောအရာတွေကိုသာလုံးဝဂရုမစိုက်ပါ။ အခုလောလောဆယ်၌ ယွီရန်နားမလည်သေးသရွေ့အဆင်ပြေနေသေးသည်။

AWM:PUBG||Myanmar Translation[Dropped]Where stories live. Discover now