~5.2~

522 112 20
                                    

Unicode

ယွီရန်မော့ကြည့်လာသည်။ခဏလောက်တုံ့ဆိုင်းနေပြီးမှသူ့ခေါင်းငြိမ့်ပြသည်။

"မင်းချီဆွေ့ကိုကြိုက်လား"

  "ကျွန်တော်သူ့ကိုကြိုက်တယ်"

ချီဆွေ့မှင်သက်နေသည်။သူလှောင်ပြုံးပြုံးလိုက်ပြီးနောက်အပေါ်သို့တက်ရန်လှည့်လိုက်သည်။

ယွီရန်ခဏအာရုံထွေပြားနေရာမှချီဆွေ့မျက်နှာတွင်ပေါ်လာသောအထင်သေးသည့်အကြည့်ကြောင့်တုန်လှုပ်မိသွားသည်။လွန်ခဲ့သောတစ်နှစ်အကြာကချီဆွေ့သူ့ကိုဖုန်းပြန်ပစ်ပေးပြီးနောက်ပျောက်ကွယ်သွားစဥ်တုန်းကလဲသူဒီအပြုံးကိုပြုံးနေခဲ့သည်။

ယွီရန်မှာချက်ချင်းဆိုသလိုထိတ်ထိတ်ပျာပျာဖြစ်လာသည်။သူပါးစပ်ကိုဟလိုက်သော်လဲရုတ်တရက်မို့စကားကထွက်မလာ။

"ကျွန်တော်.....ကျွန်တော်.....ကျွန်တော်.."
ယွီရန်ညာဘက်လက်ကိုတင်းတင်းဆုပ်ထားသည်။သူ၏ကျောမှာချွေးများပြန်နေလေပြီ။သူအအထစ်ထစ်နှင့်ပြောရန်ကိုပင် ရှိသမျှအားကိုထုတ်ကာအသည်းအသန်ရုန်းကန်နေရသည်။

"ကျွန်တော်.....ကျွန်တော်.....HO.....HOGကိုဝင်လိုက်တာက"

ယွီရန်အံကိုကြိတ်ထားသည်။ထိုအချိန်၌စကားလုံးတစ်လုံးမှာထွက်ကျလာလေ၏။

"အဲ့ဒါက တိုက်ပွဲအသင်းက......အား.......အားကောင်းလို့မဟုတ်ပါဘူး"

ချီဆွေ့ခေါင်းကိုပြန်လှည့်လိုက်သည်။ယွီရန်မှာအရမ်းကိုရှက်နေသဖြင့်သူ့ကိုမကြည့်ရဲပေ။

"အဲ့ဒါက.....ဘာဖြစ်......ဘာဖြစ်လို့လဲဆိုတော့ခင်ဗျားကြောင့်ပါ"

တီးခတ်သူမဲ့တာကြာနေပြီဖြစ်သောချီဆွေ့နှလုံးသားထဲမှကြိုးလေးတစ်ချောင်းကိုတစ်စုံတစ်ယောက်ကရုတ်တရက်တီးခတ်လိုက်သလိုပင်။တုန်ခါမှုကြောင့်သူ၏ရင်ဘတ်မှာတရွရွဖြစ်လာသည်။

"မင်း"

ချီဆွေ့သတိလက်လွတ်နှင့်သူ့လက်ကောက်ဝတ်သူပွတ်နေ၏။

"မင်းလိမ်ခဲ့တာ ဒီတစ်ခုပဲလား?"

ယွီရန်ပါးနှစ်ဖက်လုံးမှာနီရဲနေချေပြီ။သူခေါင်းငြိမ့်ပြသည်။ခေါင်းကိုမော့ပြီးစကားထပ်ပြောဖို့ကြိုးစားလိုက်သည်။

AWM:PUBG||Myanmar Translation[Dropped]Where stories live. Discover now