~ 2~

790 137 11
                                    

Unicode

ချီဆွေသည်နားနေခန်းထဲသို့ဝင်၍အပြေးလေ့ကျင့်စက်ပေါ်သို့တက်လိုက်သည်။ကျန်းမာရေးကောင်းမွန်စေရန်အလို့ငှာဖြေးဖြေးချင်းပဲလျောက်ဖို့သူအနှေးခလုပ်ကိုနှိပ်လ်ိုက်သည်။

တစ်ချိန်တည်းမှာပင်weiboကိုဖွင့်၍ကွန်မန့်တွေကိုဖတ်ကြည့်နေသည်။မိန်းကလေးပရိတ်သတ်များသည် သူ့livestreamတစ်ခုနဲ့တစ်ခုကြားမှာဘာလို့အဲ့လောက်တောင်ခြားနေရသလဲဟုငိုကြီးချက်မနှင့်မေးနေကြတုန်းပင်ရှိသေးသည်။ချီဆွေသည်ချစ်စရာကောင်းသည့်avatar
တစ်ခုကိုရွေး၍replyပြန်ပြီးနောက်weiboမှထွက်၍forumကိုဖွင့်လိုက်သည်။

[Drunkကအခုတစ်လောဘာဖြစ်နေတာလဲ?ငါမျက်စိကန်းနေတာမဟုတ်ဘူးမလား?အခုမှဂိမ်းမှတ်တမ်းတွေကိုကြည့်ကြည့်တာသူမနေ့က ၄နာရီပဲကစားခဲ့တာလား?ပြီးတော့တစ်နေ့ကကျတော့ ၃နာရီပဲကစားခဲ့တယ်။သူငါ့ကိုနောက်နေတာမလား?]

[အုပ်စုလိုက်အာရှဖိတ်ခေါ်ပြိုင်ပွဲကသိပ်မကြာခင်စတော့မှာ။HOGရဲ့ယွီချန်းရှီကတစ်နေကုန်livestreamလုပ်နေတဲ့အချိန်မှာခေါင်းဆောင်Drunkကတစ်နေ့မှတစ်နာရီပဲကစားတယ်။သူတို့က်ိုယ့်သေလမ်းကိုယ်ရှာနေတာလား?]

[ဖြစ်နိုင်တယ်။အခြေခံကျကျပြောရရင်HOGရဲ့အဆင့်ကကျနေပြီ။တောင်ကိုရီးယားကကောင်တွေသူတို့ထက်သာတယ်ဆိုတာကိုပြိုင်ပွဲမှာဝန်ခံဖို့အစီအစဥ်ဆွဲထားတာလား?]

[စောင့်ကြည့်နေလိုက်။မင်းရဲ့နတ်ဘုရားချီကဒီတစ်ခေါက်ဘူဆန်ကစင်မြင့်ပေါ်မှာကျရှုံးလိမ့်မယ်။မင်းတို့ဦးနှောက်မရှိတဲ့ ဖန်တွေဒီတစ်ခေါက်သူ့ကိုဘယ်လိုကာကွယ်ပေးမလဲဆိုတာစောင့်ကြည့်လိုက်ဦးမယ်။]

ချီဆွေ၏အမူအရာမှာပုံမှန်အတိုင်းပင်ပြောင်းလဲခြင်းမရှိပေ။forum၏အရှေ့စာမျက်နှာမှပို့စ်တော်တော်များများမှာသူ့အဖွဲ့အကြောင်းကြိမ်းဝါးထားသည့်ပို့စ်များသာဖြစ်သည်။

အောင်မြင်ကျော်ကြားမှုမှာလည်းသူ့တန်ကြေးနှင့်သူရှိ၏။ဒီနှစ်များတွင်ချီဆွေသည်လိုင်းပေါ်မှတစ်ဆင့်သူ့ကိုမုန်းသည့်သူများထံမှအဆဲခံရသည်ကိုကျင့်သားရနေပြီဖြစ်ရာ သူ့ကိုတိုက်ခိုက်နေသည့်သူများအားထမင်းစားရေသောက်ကဲ့သို့ပင် ဆက်ဆံ၍ ပေါက်ကရစကားများကိုတော့ ကျောက်ကပ်အနီးရှိအက်ဒရီနယ် ကလင်းကိုလေ့ကျင့်ပေးနေသည်ဟုသာသတ်မှတ်လိုက်သည်။

AWM:PUBG||Myanmar Translation[Dropped]Where stories live. Discover now