~1.2~

1K 157 10
                                    

Unicode

ပူနာနာသည်ခဏလောက်မှင်သက်သွားမိသော်ငြားလည်းသူသည်အရင်ကဒီလိုတူညီသောအခြေအနေအများအပြားကိုတွေ့မြင်ခဲ့ဖူးသူတစ်ယောက်ဖြစ်သည်။ထို့အပြင်သူသည်ချီဆွေ၏ဖုံးကွယ်ထားသောလိင်စိတ်တိမ်းညွှတ်မှုကိုသိထားသောကြောင့်ဒီအတွင်းရေး အခြေအနေကိုပြောသည့်အချိန်တွင်အရမ်းတော့အံ့သြမသွားခဲ့ပါ။သူတွေ၀ေသွားမိတာကိစ္စတစ်ခုတည်းကြောင့်ပါ ။သူအခုအော်မေးလိုက်တဲ့အရာကိုပေါ့။

".....အဲ့ဒါဘယ်တုန်းကလဲ?ငါဘယ်လိုလုပ်ပြီးအဲ့ဒါကိုမသိရတာလဲ?"

ပူနာနာသည်ချီဆွေ၏အဖွဲ့၀င်ဟောင်းတစ်ယောက်ဖြစ်သည်။ ဒီနှစ်များတွင် နယူးရီးယားပိတ်ရက်မှလွဲ၍သူတို့ နှစ်ယောက်သည်ကော်ကဲ့သို့တစ်ယောက်နှင့်တစ်ယောက်ပူးကပ်၍နေခဲ့ကြသည်။ ပူနာနာသည်ချီဆွေ၏ဒီရည်း စားဟောင်းကဘယ်ကဘယ်လိုပေါ်လာလဲစဉ်းစား၍မရခဲ့ပေ။

"မနှစ်ကတုန်းက...."

ချီဆွေသည်ရေဘူးအဖုံးကိုလှည့်ဖွင့်ပြီးနောက်ဆက်မပြောခင်တွင် ရေကိုပါးစပ်နှင့်အပြည့်သောက်လိုက် သည်။

"ငါ Goblet of Fire ကိုနည်းပြအနေနဲ့သွားတုန်းက"

Goblet of Fireဆိုသည်မှာတရုတ်ပြည်မှများစွာသော Club များကိုစုစည်း၍ကျင်းပသော အော့ဖ်လိုင်း ထရိန်နင်ပြိုင်ပွဲတစ်ခုဖြစ်သည်။ သူ၏ရည်ရွယ်ချက်မှာ esportအဖွဲ့အစည်းတွင်ရှိသောငယ်ရွယ်ပြီးထူးချွန်သည့် အဖွဲ့၀င်သစ် များကိုရွေးထုတ်လို၍ဖြစ်သည်။

ချီဆွေလက်ထဲ၌ရှိသောClub သည်ကြိုတင်ရွေးချယ်သည့်ပြိုင်ပွဲတွေမှတစ်ဆင့်အဖွဲ့၀င်သစ်ကိုမခေါ်ဖူးပေ ။ထို အချက်ကြောင့်ပင်ပွဲစီစဉ်သူများသည် တရားမျှတမှုရှိစေရန် သူတို့ Club မှတစ်ယောက်ယောက်ကိုနည်းပြအ ဖြစ်လွှတ်ပေးရန်တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ယွီရန်သည်ထိုအချိန်ကနာမည်မကြီးသေးပေ။ သို့သော်ချီဆွေ၀င်၀င်ချင်းပင်သူယွီရန်ကိုသတိထားမိခဲ့သည်။ ထောင်ပေါင်းများစွာသော otakus များကြားတွင်သူ့ကိုသတိမထားမိစေရန်မှာမဖြစ်နိုင်ပေ။

သေချာတာပေါ့... ချီဆွေကကြည့်ကောင်းတာနဲ့ပဲလိုက်တတ်တဲ့သူမျိုးတော့မဟုတ်ပေ။ ယွီရန်ကတကယ်အံ့သြ ဖို့ကောင်းသောကြောင့်သူနည်းနည်းလှုပ်ရှားခဲ့ခြင်းဖြစ်သည် ။

AWM:PUBG||Myanmar Translation[Dropped]Where stories live. Discover now